8/19/2016

♪ Honor 8 ရဲ့ ကြော်ငြာကို ဘရွတ်ကလင်းဘက်ခမ်းနဲ့ ရိုက်ခဲ့တဲ့ Huawei ♫


နာမည်ကျော်ဆယ်ကျော်သက်တစ်ဦးဖြစ်တဲ့ ဘရွတ်ကလင်းဟာ တရုတ်မိုဘိုင်းလ်ဖုန်း ကုမ္ပဏီအတွက် ကြော်ငြာတစ်ခုရိုက်ကူးခဲ့တယ်လို့ အတည်ပြု ပြေကြားခဲ့ပါတယ်။ အသက် ၁၇နှစ်အရွယ် ဒေးဗစ်နဲ့ ဗစ်တိုးရီးယားတို့ရဲ့ သားကြီးအနေနဲ့ Huawei ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းမော်ဒယ်ဖြစ်တဲ့ Honor 8 စမတ်ဖုန်းအတွက် ကြော်ငြာရိုက်ကူးခဲ့တာပါ။

Brooklyn checking all of his likes
Honor 8 စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက အမေရိကန်ပြည်ထောင်စုမှာ ကြော်ငြာခဲ့ပြီး ဘရွတ်ကလင်းအနေနဲ့ Huawei ရဲ့ Brand Ambassador ဟောလီးဝုဒ်စတားတွေဖြစ်တဲ့ Henry Cavill, Scarlett Johansson နဲ့ Karlie Kloss တို့နဲ့အတူ ပွဲကို တက်ရောက်ခဲ့တာပါ။

ဘရွတ်ကလင်းဟာ စက္ကန့် ၃၀ကြာမြင့်တဲ့ ကြော်ငြာအတွက် ကြော်ငြာခ ပေါင် ၁၀၀,၀၀၀ ပေးချေခဲ့ရ တယ်လို့ သတင်းတွေအရ သိရပါတယ်။ သူကကြော်ငြာကို Followers အရေအတွက် ၈.၂သန်း ရှိတဲ့ Instagram မှာ တင်ခဲ့တာပါ။

Brooklyn appears in his first big paid ad for a mobile phone company

ဘရွတ်ကလင်းက ဗီဒီယိုကို “had a lot of fun shooting a film with @honorglobal for the #honor8. See the full version on the Honor Global YouTube.” ဆိုပြီး Caption ထိုးထားခဲ့ပါတယ်။

ဘရွတ်ကလင်းရဲ့ ကြော်ငြာကို ဒီဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com