8/19/2016

♪ စမတ်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ ကမ္ဘာ့ပထမဆုံးစမတ်ရှပ်အင်္ကျီ ကို Arrow စတင်ရောင်းချ ♫


ကမ္ဘာကျော်အဝတ်အထည် brand တစ်ခုဖြစ်တဲ့ Arrow ဟာ ကမ္ဘာ့ပထမဆုံးစမတ်ရှပ်အင်္ကျီကို စတင်ရောင်းချလိုက်ပြီဖြစ်ပါတယ်။

Smart Shirt လို့ပဲ နာမည်ရိုးရိုးပေးထားတဲ့ Arrow ရှပ်အင်္ကျီကို သင့်စမတ်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပြီး၊ အင်္ကျီလက်ကောက်ဝတ်ကို ဖုန်းနဲ့ ပုတ်လိုက်ရုံနဲ့ သီချင်းဖွင့်တာ၊ ကိုယ့်လိပ်စာကဒ်ပို့ပေးတာ၊ app ဖွင့်တာ စတဲ့ စမတ်ဖုန်းလုပ်ဆောင်ချက်တွေ အများအပြားလုပ်နိုင်မှာဖြစ်ပါတယ်။

Arrow စမတ်ရှပ်မှာ Meeting mode လည်း ပါရှိတာကြောင့်၊အစည်းအဝေးခန်းထဲဝင်ပြီဆိုတာနဲ့ စမတ်ဖုန်းကို အင်္ကျီလက်နဲ့ ပုတ်လိုက်ရုံနဲ့ Airplane mode အလိုအလျောက်ပြောင်းပေးသွားမှာပါ။

Arrow Smart Shir ကို ဖုန်းနဲ့ ချိတ်ဆက်ဖို့အတွက် Arrow မိုဘိုင်းအက်ပလီကေးရှင်းကို ဒေါင်းလုဒ်အရင်ဆွဲပေးရမှာပါ။ ထို့နောက် ရှပ်အင်္ကျီရဲ့ လက်ကောက်ဝတ်မှာ ထည့်သွင်းထားတဲ့ NFC ချစ်ပ်ပြားက Arrow မိုဘိုင်း app နဲ့ ချိတ်ဆက်ပြီး၊ ပရိုဂရမ်ပေးထားသမျှကို လက်ကောက်ဝတ်ကို ဖုန်းနဲ့ ပုတ်လိုက်ရုံနဲ့ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

Capture

အကယ်၍ စီးပွားရေးလုပ်ငန်းရှင်မိတ်ဆွေတွေနဲ့ ဆုံတဲ့အခါ ကိုယ့်ရဲ့ လုပ်ငန်းလိပ်စာကဒ် ပေးချင်တယ်ဆိုရင်၊ သူ့စမတ်ဖုန်းကို ယူပြီး အင်္ကျီလက်မှာ ပုတ်ပေးလိုက်ရုံနဲ့ ဖုန်းထဲ လိပ်စာကဒ်ရောက်သွားမှာဖြစ်ပါတယ်။

ယခုလုပ်ဆောင်ချက်တွေကို အသုံးပြုဖို့အတွက် ဖုန်းမှာ NFC ပါရှိဖို့နဲ့ Arrow မိုဘိုင်း app ရှိဖို့တော့ လိုအပ်ပါတယ်။

Arrow Smart Shirt ကို ၁၀၀ ရာခိုင်နှုန်းချည်သားနဲ့ ပြုလုပ်ထားပြီး၊ စိတ်ချလက်ချ လျှော်နိုင်၊ မီးပူတိုက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကလည်း သိပ်မကြီးဘဲ၊ မြန်မာငွေ ငါးသောင်းခန့်နဲ့ နီးစပ်ရာ Arrow ဆိုင်တိုင်း ဒါမှမဟုတ် Amazon India ကနေ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com