8/19/2016

♪ မျက်နှာပြင်အကွေးနဲ့ ကျောကင်မရာနှစ်လုံး ပါဝင်လာဖွယ်ရှိတဲ့ Meizu PRO 7 ♫


Meizu ကုမ္ပဏီရဲ့ လက်ရှိအဓိကမော်ဒယ်ဖြစ်တဲ့ Meizu PRO 6 စမတ်ဖုန်းကို ဧပြီလတုန်းက စတင်မိတ်ဆက်ခဲ့ပြီး၊ Meizu PRO 5 နဲ့ ကွာခြားမှုသိပ်မရှိလို့ Meizu ပရိတ်သတ်တွေ စိတ်ပျက်ခဲ့ရပါတယ်။

ဒါပေမယ့် အခုအသစ်ထွက်ရှိမယ့် Meizu PRO 7 ကတော့ ပရိတ်သတ်တွေရဲ့ အာရုံကို ပြန်လည်ဖမ်းစားနိုင်မယ့် ဖုန်းတစ်လုံးအဖြစ် ထွက်ပေါ်လာဖွယ်ရှိပါတယ်။

နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ Meizu PRO 7 မှာ Samsung က ထုတ်လုပ်ပေးထားတဲ့ Exynos ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ Galaxy S7 Edge နဲ့ Note 7 က အတိုင်း မျက်နှာပြင်အကွေးနဲ့ ထွက်ရှိလာဖွယ်ရှိတယ်လို့ သိရပါတယ်။

Meizu PRO 6 Plus လို့လည်း နာမည်ထွက်နေတဲ့ ယခုဖုန်းမော်ဒယ်အသစ်ရဲ့ ပေါက်ကြားလာတဲ့ဓာတ်ပုံမှာ အကွေးမျက်နှာပြင်ကို သိသိသာသာတွေ့မြင်နေရပြီး၊ ဟုမ်းခလုတ်က ပုံမှန်အတိုင်း ရှေ့မျက်နှာပြင်မှာ ရှိနေပါတယ်။ ဟုမ်းခလုတ်ဟာ အရင်ကထက် အနည်းငယ်သေးသွားပုံပေါ်ပြီး၊ ပါဝါခလုတ်နဲ့ အသံအတိုးအချဲ့ ခလုတ်တို့ကတော့ ဖုန်းရဲ့ ညာဘက်မှာရှိနေပါတယ်။

ဖုန်းနောက်ကျောပုံမှာတော့ ကင်မရာက သိသိသာသာထူးခြားနေတာကို သတိထားမိမှာဖြစ်ပြီး၊ 12-MP ဆန်ဆာနဲ့ ဖြစ်မယ်လို့ ဆိုပါတယ်။ ထူးခြားချက်ကတော့ 12MP ကင်မရာရဲ့အောက်မှာ နောက်ထပ် Lens တစ်ခုကို တွေ့မြင်ရပြီး၊ နောက်ထပ်ကင်မရာဆန်ဆာတစ်လုံးဖြစ်မယ်လို့ ယူဆရပါတယ်။

Meizu-PRO-7-leak_661
Meizu-PRO-7-leak_662

AnTuTu က ဖော်ပြထားတဲ့ အသေးစိတ်အချက်အလက်တွေအရ Meizu PRO 7 ဖုန်း ( Meizu PRO 6 Plus) မှာ QHD မျက်နှာပြင်၊ 4GB RAM ၊ ဖုန်းတွင်း storage 32 GB တို့ ပါရှိမှာဖြစ်ပြီး၊ ရှေ့ကင်မရာကတော့ 5-MP ဆန်ဆာဖြစ်မယ်လို့ သိရပါတယ်။

မျက်နှာပြင်အကျယ်ဘယ်လောက်ရှိမလဲဆိုတာကတော့ အတိအကျမသိရသေးပေမယ့်၊ 5.7 လက်မပဲ ဖြစ်ဖို့များပါတယ်။ Android စနစ်ကတော့ Marshmallow နဲ့ပဲ လာမှာဖြစ်ပြီး၊ Meizu ရဲ့ Flyme UI ကို အသုံးပြုထားမှာဖြစ်ပါတယ်။

ခန့်မှန်းချက်တွေ တကယ်မှန်လာမလားဆိုတာကတော့ စက်တင်ဘာ ၃ ရက်နေ့ကျမှ စောင့်ကြည့်ရမှာပါ။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com