8/21/2016

♪ Google Play မှာ အကျော်ကြားဆုံး free app ဖြစ်လာတဲ့ Google Duo ♫


ထွက်ရှိလာတာ ရက်ပိုင်းပဲကြာမြင့်သေးတဲ့ Google ရဲ့ Video calling app ဟာ အခုဆို US မှာ ရေပန်းစားနေပါပြီ ။ ယခုပတ်အစောပိုင်းက Android ပိုင်းကနေ ထုတ်ခဲ့တဲ့ video chat app ဖြစ်တဲ့ Google Duo ဟာ အခုဆို Google Play Store မှာ ဒေါင်းလုပ်ဆွဲမှု အများဆုံး free app တစ်ခု ဖြစ်နေပါပြီ။

ကိုယ့်ရဲ့ Android ဖုန်းမှာပါတဲ့ Google Play ကို ဖွင့်လိုက်ပြီး Top Free ဆိုတဲ့နေရာကို သွားကြည့်ပါ။ Google Duo ဟာ ဒီစာရင်းမှာ နံပါတ် ၁ app ဖြစ်နေတာ ကိုတွေ့ ရမှာပါ။ Facebook Messenger နဲ့ Pokemon GO ကို အပေါ်ဘက်နားမှာ တွေ့ နိုင်ပါတယ်။ Facebook ၊ Snapchat နဲ YouTube Music တို့ ကိုလည်း ဒီကဏ္ဍ ရဲ့ ပထမဆုံး စာမျက်နှာမှာ တွေ့ ရပါတယ်။

ပြိုင်ဘက်တွေရဲ့အနေအထားအရ Google Duo ဟာ Android user များအကြားမှာ စိတ်ဝင်စားခံရမှု ပမာဏဟာ သိသိသာသာ မြင့်တက်နေပုံပါပဲ ။



Google Duo မှာ ပျမ်းမျှ rating အနေနဲ့ 4.5 ရထားပြီး ဒီ rating ဟာ Facebook (4.0) ၊ Facebook Messenger (3.9) နဲ့ Snapchat (3.9) တို့ ထက် အများကြီး ပိုကောင်းတယ်လို့ ညွှန်ပြနေပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက ပြိုင်ဘက်တွေဖြစ်တဲ့ WhatsApp ၊ Facebook Messenger နဲ့  FaceTime တို့ မှာ ရှိတဲ့ သုံးစွဲသူတွေနဲ့ ယှဉ်ရင် Google Duo ဟာ rating ပိုင်းမှာ နည်းနည်းပဲ ရှိခဲ့ရာကနေ အမြန်တက်လာတာ ဖြစ်ပါတယ်။ အခုနေခါမှာတော့ Google Duo ဟာ Android သုံးစွဲသူတွေ ကြားမှာ လူကြိုက်များနေပါပြီ။

သိပ်မကြာခင်မှာ Google Duo ကို ကမ္ဘာတစ်ဝန်း နိုင်ငံအများအပြားမှာ အသုံးပြုနိုင်တော့မှာပါ။ တာထွက်ကောင်းဖို့ ကအရေးပါပေမယ့်လည်း ဒီကနဦးအနေအထားကို ထိန်းသိမ်းနိုင်ဖို့ က လည်း  နောက်ထပ်အရေးပါတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ Google Duo အနေနဲ့ ယခုလို စပြီးစမ်းသုံးတဲ့ ကနဦးအသုံး ပြုသူတွေကို နေ့ စဉ်သုံးစွဲသူတွေ ဖြစ်လာအောင် ပြောင်းနိုင်ပါ့မလားဆိုတာကတော့ စောင့် ကြည့်ရဦးမှာ  ဖြစ်ပါတယ်။ Google Play ရဲ့ ဇယားဟာ Android သုံးစွဲသူတွေကို ဒီအက်ပလီကေးရှင်းကို စမ်းသုံးဖို့ အတွက် အခွင့်ဖွင့်ပေးလိုက်ပေမယ့် တကယ့်စိန်ခေါ်မှုကတော့ Google Duo ဟာ video chats လုပ်ဖို့ အကောင်းဆုံး အက်ပလီကေးရှင်းဆိုတာကို သုံးစွဲသူတွေ အနေနဲ့ လက်ခံယုံကြည် သွားဖို့ ပဲ ဖြစ်ပါတယ်။

Wai Lin Aung (Myanmar Mobile App)




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com