8/04/2016

♪ Apple ရဲ့ iPad Pro ကို ကွန်ပျူတာတစ်လုံးလို အလုပ်လုပ်နိုင်တော့မည် ♫


Apple ဟာ သူတို့ရဲ့ အဓိကထုတ်ကုန်ပစ္စည်းဖြစ်တဲ့ iPad Pro ကို ၂မျိုးသုံးပစ္စည်းအနေနဲ့ ပြုလုပ်ဖို့အတွက် စတင်စီစဉ်နေပြီဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ iPad ကို သာမန် iPad အဖြစ်နဲ့သာမက ကွန်ပျူတာတစ်လုံးလို ကောင်းမွန်စွာအသုံးပြုနိုင်ဖို့အတွက် စီစဉ်နေပြီ ဖြစ်တယ်ဆိုတာကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့တဲ့ ကြော်ငြာတစ်ရပ်မှာ ဖော်ပြထားချက်အရ သိရပါတယ်။

Apple ဟာ သူတို့ရဲ့ iPad နောက်ဆုံးမျိုးဆက် iPad Pro ကို ပြိုင်ဘက်တွေဖြစ်တဲ့ Microsoft နဲ့ Lenovo တို့ရဲ့ Surface နဲ့ Yoga Tab တို့လို ဖြစ်လာဖို့အတွက် ပြင်ဆင်နေခဲ့တာပါ။

iPad Pro အနေနဲ့ ဒီလိုပြုလုပ်ဖို့ စီစဉ်နေတာဟာ ၁၂.၉လက်မနဲ့ ၉.၇လက်မ မော်ဒယ်နှစ်မျိုးစလုံးအတွက် ဖြစ်ပြီး Device တွေအနေနဲ့ Desktop အဆင့် Software တွေကို အလုပ်လုပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ iPad Pro နဲ့အတူသင်ဟာ ကီးဘုတ်တစ်ခုနဲ့ တွဲဖက်အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် Apple Pencil နဲ့အတူ သင့်ရဲ့ စိတ်ကြိုက်ပြုပြင်ဖန်တီး လာနိုင်လိမ့်မယ်လို့ သိရပါတယ်။

ဒါကြောင့် Apple သုံးစွဲသူတွေအနေနဲ့ နောက်ပိုင်းမှာ iPad Pro ကိုအသုံးပြုပြီးပဲ ကွန်ပျူတာတစ်လုံးလို အလုပ်လုပ်လာစေနိုင်တော့မလားဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ Apple ရဲ့ ၃၁စက္ကန့်ကြာမြင့်တဲ့ ကြော်ငြာကို ဒီဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com