8/11/2016

♪ Amiga ဂိမ်းပေါင်း ၂၀၀၀ ကျော်ကို browser ထဲမှာတင် ဆော့ကစားနိုင်ပြီ ♫


၈၀ ပြည့်လွန်နှစ်တွေတုန်းက တခြားကွန်ပြူတာစနစ်တွေထက် ဂရပ်ဖစ်ကောင်းမွန်မှုကြောင့် နာမည်ကျော်ခဲ့တဲ့ တစ်ကိုယ်ရည်သုံးကွန်ပြူတာစနစ် Amiga ရဲ့ ဂိမ်းတွေကို အခုဆိုရင် သင့် PC browser ထဲမှာတင် ဆော့ကစားနိုင်ပြီဖြစ်ပါတယ်။

Internet Archieve ကျေးဇူးကြောင့်၊ Amiga Disk File (ADF) format နဲ့ ဆော့ခဲ့ရတဲ့ Amiga ဂိမ်းပေါင်း ၂၀၀၀ ကျော်ကို အွန်လိုင်းရှိရုံနဲ့ browser ထဲမှာ emulator နဲ့ တန်းကစားနိုင်မှာဖြစ်ကာ၊ Batman The Movie ၊ R Type နဲ့ Double Dragon လိုမျိုး ဂန္တဝင်ဂိမ်းတွေကို ပြန်လည်အရသာခံဆော့ကစားနိုင်မှာဖြစ်ပါတယ်။

ဂိမ်းတွေအပြင် Amiga ကွန်ပြူတာစနစ်ရဲ့ ဟာ့ဒ်ဝဲလုပ်ဆောင်နိုင်စွမ်းကို ပြသဖို့အတွက် အက်ပလီကေးရှင်းတွေနဲ့ ဆော့ဖ်ဝဲစမ်းသပ်လုပ်ဆောင်ပြမှုတွေလည်း ပါဝင်ပါတယ်။

ဆန်ဖရန်စစ္စကိုအခြေစိုက် digital library တစ်ခုဖြစ်တဲ့ Internet Archieve မှာ MS-DOS ဂိမ်း၊ Arcade ဂိမ်းတွေနဲ့ Atari ဂိမ်းတွေ အပါအဝင် ခေတ်ဟောင်းဂိမ်းတွေတော်တော်များများကို ဒီဂျစ်တယ် format နဲ့ အခမဲ့ရရှိနိုင်ပါတယ်။

s.aolcdn.com

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com