11/11/2015

♪ Windows XP, Vista နှင့် အစောပိုင်း OS X ဗားရှင်းအတွက် Chrome အထောက်အပံ့ကို ၂၀၁၆ ဧပြီတွင် Google ရပ်ဆိုင်းမည် ♫


Windows XP အတွက် Chrome အထောက်အပံ့ကို ၂၀၁၆ ခုနှစ် ဧပြီလ မတိုင်မီအထိ ပေးအပ် မည် ဖြစ်ကြောင်း Google မှ ကြေညာခဲ့သည်။ ထို့အပြင် Windows Vista, OS X 10.6 Snow Leopard, OS X 10.7 Lion နှင့် OS X 10.8 Mountain Lion အတွက် Chrome အထောက်အပံ့ကို အထက်ပါ ကာလတွင် ရပ်ဆိုင်းမည်ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။

ထို့အတွက်ကြောင့် အဆိုပါ operating system သုံးစွဲသူများအနေဖြင့် Google ထံမှ Chrome update များနှင့် security patch များ ပုံမှန်ထောက်ပံ့ပေးမှုကို လာမည့်နှစ် ဧပြီလနောက်ပိုင်းတွင် ရရှိတော့မည် မဟုတ်ပေ။ ထိုနောက်ပိုင်းတွင် browser ကို ဆက်လက်အသုံးပြုနိုင်မည် ဖြစ်သော်လည်း ဧပြီလတွင် ဖြန့်ချိသည့် နောက်ဆုံးဗားရှင်းကိုသာ အသုံးပြုနိုင်မည် ဖြစ်သည်။

“သက်တမ်းရင့် platform တွေမှာ အရေးပါတဲ့ security update တွေကို မရနိုင်တော့ပါဘူး။ ဒါကြောင့် virus တွေနဲ့ malware တွေ ကူးစက်ပျံ့နှံ့မှုတွေ ပိုမိုဖြစ်လာနိုင်ပါတယ်။ ဒီသက်တမ်းရင့် platform တွေအတွက် Microsoft နဲ့ Apple က အထောက်အပံ့မပေးတော့ပါဘူး။ နောက်ဆုံးပေါ် Chrome ဗားရှင်းတွေနဲ့ feature တွေကို ရယူချင်တယ်ဆိုရင် operating system အသစ်ကို ပြောင်းလဲအသုံးပြုဖို့ အကြံပြုလိုပါတယ်” ဟု Google မှ ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် Google က Windows XP အတွက် Chrome အထောက်အပံ့ကို ၂၀၁၅ ခုနှစ် ဧပြီလတွင် ရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။ ထို့နောက် Chrome အထောက်အပံ့ ရပ်ဆိုင်းမည့်ရက်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလသို့ ရွှေ့ဆိုင်းခဲ့ပြီးနောက် ယခုအခါ လာမည့်နှစ် ဧပြီလသို့ ထပ်မံရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

Ref: VentureBeat
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>