အားသာချက်
Mega Pixel မြင့်မားကာ ကောင်းမွန်သော စွမ်းဆောင်ရည်ရှိသည့် ကင်မရာကို တပ်ဆင်ပေးထားသည်။ CPU, GPU နှင့် မှတ်ဉာဏ်ပိုင်း တို့တွင်လည်း မြင့်မားကောင်းမွန်သည်။ ရေစိမ်ခံ အကြမ်းခံဖုန်း အမျိုးအစားဖြစ်ပြီး ဖုန်း၏ အချက်အလက် လုံခြုံရေးအတွက် Finger Print စနစ် ပါဝင်သည့်အပြင် ကြည်လင်တောက်ပသော မြင်ကွင်းရှိသည်။
အားနည်းချက်
Sim Card Slot နှစ်ခုစလုံးအား တစ်ပေါင်းတည်း ပြုလုပ်ထားသည့်အပြင် Sim Card ထည့်သွင်းအသုံးပြုသော Card Adapter မှာ ပါးလွှာသော ကော်သားဖြစ်ခြင်းကြောင့် အလွယ်တကူ ကျိုးပဲ့နိုင်ခြင်းအား ဂရုစိုက်ရမည်ဖြစ်သည်။
အသေးစိတ်ဖော်ပြချက်
GSM 2G/ 3G/ 4G ကွန်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး Nano Sim နှစ်ကတ်အသုံးပြုနိုင်သော Dual Sim ဖုန်းအမျိုးအစား ဖြစ်သည်။ ဂရပ်ဖစ် အသုံးပြုခြင်းအတွက် Adreno 430 GPU ပါဝင်ပြီး ဖုန်းလုပ်ဆောင်ချက်များအတွက် Quad-core 1.5 GHz Cortex-A53 နှင့် Quad-core 2 GHz Cortex-A57 တို့ပါဝင်သော Octa Core CPU ပါဝင်မည် ဖြစ်သည်။ မှတ်ဉာဏ်မှာ 32GB နှင့် RAM 3GB ပါဝင်မည်ဖြစ်ပြီး Micro SD Card 200GB ထိထပ်တိုး နိုင်မည်ဖြစ်သည်။ 23Mega Pixel နောက်ဘက်ကင်မရာ၊ 5.1Mega Pixel ရှေ့ကင်မရာတို့ ပါဝင်ပြီး Bluetooth v4.1, A2DP, apt-X နှင့် ပါဝါသိုလှောင်မှုအတွက် Li-Ion 2900 mAh ဘက်ထရီတို့ ပါဝင်မည် ဖြစ်သည်။ ဖုန်း၏ Screen မျက်နှာပြင်မှာ ၅.၂ လက်မရှိသော IPS LCD Screen အမျိုးအစားဖြစ်ပြီး 1080 x 1920 Pixels (~424 ppi pixel density) ရှိမည်ဖြစ်သည်။
နည်းပညာ
စုံလင်သော ဓာတ်ပုံ Effect များကို အသုံးပြုနိုင်ရန် ထည့်သွင်းပေးထားပြီး Superior Auto စနစ်၊ Manual စနစ်၊ AR effect အစရှိသော စနစ်များ ပါဝင်သည့်အပြင် မိမိရိုက်သော ဓာတ်ပုံများကို လူမှုကွန်ရက် စာမျက်နှာများပေါ်သို့ တိုက်ရိုက် Sharing ပြုလုပ်နိုင်မည့် Social Live စနစ်မှာလည်း အသုံးပြုသူများ ထိတွေ့ရမည့် နည်းပညာများ ဖြစ်သည်။ Selfie စနစ်တွင် စိတ်ကြိုက် မျက်နှာပုံစံများကို ပေါင်းစပ်ထည့်သွင်းနိုင်မည့် AR Mask စနစ်၊ Sound Photo စနစ်၊ 4K Video စနစ်အပြင် အခြားကင်မရာ အသုံးပြုနည်းပညာများ စုံစုံလင်လင် ပါဝင်မည်ဖြစ်သည်။ ပါဝါအသုံးပြုခြင်းအတွက် Power Saving စနစ်တွင် Stamana Mode အပြင် Ultra Stamana Mode ပါဝင်လာခြင်းကြောင့် ပါဝါအသုံးပြုခြင်းအတွက် စိတ်ကြိုက်ထိန်းချုပ် အသုံးပြုနိုင်မည် ဖြစ်သည်။
ဒီဇီုင်း
Sony ဖုန်းများ၏ ထုံစံအတိုင်းပင် လေးထောင့်ဆန်သော ပုံစံမျိုးရှိနေပြီး ဖုန်းကိုယ်ထည် ဘေးဘောင်များအား သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားသည်။ ဖုန်းကိုယ်ထည် ပွန်းရှခြင်းများအား ကာကွယ်နိုင်ရန်အတွက် Oleophobic Coating ဖြင့် ကာကွယ်ပေးထားပြီး နောက်ဘက်ကာဗာမှာ အသေဖြစ်သည်။ ကိုယ်ထည်၏ ညာဘက်ဘေးဘောင်တွင် ပါဝါခလုတ်နှင့် Finger Print အား အတွဲလိုက် တပ်ဆင်ပေးထားသည်။ ဖုန်းတစ်ခုလုံး၏ အရွယ်အစားမှာ အထက်အောက်အမြင့် ၁၄.၆ စင်တီမီတာ၊ ဘေးတိုက် အကျယ် ၇.၂ စင်တီမီတာနှင့် ထုထည် ၀.၇၃ စင်တီမီတာရှိပြီး အလေးချိန်မှာ ၁၅၄ ဂရမ်ဖြစ်သည်။ ကိုင်တွယ်အသုံးပြုချိန်တွင် လက်နှင့် အံဝင်ခွင်ကျရှိသော အရွယ်အစားမျိုးရှိသည့် ဖုန်းဖြစ်သည်။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ် ကြည့်မည်ဆိုပါက Z5 Dual သည် ဖုန်းတွင်အသုံးပြုထားသော CPU, GPU, Cameram, Memory အစရှိသော Hardware ပိုင်းများတွင် မြင့်မားကောင်းမွန်သော ဖုန်းဖြစ်သည်။ ဖုန်းတွင်ပါဝင်သော Finger Print မှာ ဖုန်း၏ ဘေးဘောင်တွင် ထည့်သွင်းထားခြင်းကြောင့် Finger Print အသုံးပြုရာတွင်လည်း လက်နှင့်အလိုက်သင့် ရှိနေမည်ဖြစ်သည်။ ဖုန်း၏ Screen Off အခြေအနေအား Double Tap ဖြင့် Screen ပေါ်တွင်နှိပ်ကာ အလွယ်တကူ ဖွင့်နိုင်သော်လည်း Screen Lock ပြန်လုပ်ရာတွင် ပါဝါခလုတ်ကိုသာ အသုံးပြုရမည် ဖြစ်သည်။ ဖုန်းတွင် မြန်မာစာစနစ် တစ်ပါတည်း မပါဝင်သောကြောင့် မြန်မာစာ အသုံးပြုလိုပါက Sony တွင် ပြန်လည်ထည့်သွင်း ရမည်ဖြစ်ပြီး Screen မြင်ကွင်းပိုင်းနှင့် ဂရပ်ဖစ်ပိုင်းတို့တွင် ကြည်လင်တောက်ပ ကောင်းမွန်သောဖုန်း ဖြစ်သည်။
Device Support - Alpha Technology
Price - 849,000 Ks

Credit to ==> Internet Journal