11/04/2015

♪ မီဒီယာအသားပေး On စမတ်ဖုန်းများကို Samsung မိတ်ဆက် ♫


တီထွင်ဆန်းသစ်သော Galaxy S စမတ်ဖုန်းများဖြင့် လူသိများထင်ရှားသည့် Samsung သည် အိန္ဒိယနှင့် တရုတ်နိုင်ငံအတွက် ကွဲပြားခြားနားသော ထုတ်ကုန်တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။

တောင်ကိုရီးယား အီလက်ထရွန်နစ် ကုမ္ပဏီကြီးသည် On စမတ်ဖုန်းသစ်များကို အိန္ဒိယတွင် ပွဲထုတ် မိတ်ဆက်ပေးခဲ့သည်။ ၅ လက်မအရွယ် On5 နှင့် ၅.၅ လက်မ On7 စမတ်ဖုန်းတို့ကို ဖျော်ဖြေရေးအတွက် အာရုံစိုက် ထုတ်လုပ်ထားပြီး တန်ဖိုးမှာ ၈,၉၉၀ ရူပီး (၁၄၀ ဒေါ်လာ) နှင့် ၁၀,၉၉၀ ရူပီး (၁၇၀ ဒေါ်လာ) အသီးသီးဖြစ်သည်။ အဆိုပါ စမတ်ဖုန်းများကို နိုဝင်ဘာလ ၄ ရက်တွင် အွန်လိုင်းမှ ရောင်းချမည် ဖြစ်သည်။

၎င်းစမတ်ဖုန်း နှစ်မျိုးစလုံးတွင် Spotify နှင့် Apple Music သီချင်းဝန်ဆောင်မှုကဲ့သို့သော လစဉ်ကြေးဖြင့် သုံးနိုင်မည့် MixRadio ပါဝင်လာမည် ဖြစ်သည်။ အဆိုပါ သီချင်းဝန်ဆောင်မှုတွင် သီချင်းအပုဒ်ရေ သန်း ၃၀ ကျော်ရရှိနိုင်သည်။ ထို့အပြင် ultra data-saving (UDR) က အချက်အလက် သုံးစွဲမှုပမာဏကို ထက်ဝက်ခန့် လျော့နည်းသက်သာစေမည် ဖြစ်သည်။

အထက်ပါ ဖုန်းနှစ်မျိုးစလုံးတွင် Android 5.1 နှင့်အတူ 1,280 x 720-pixel HD screen, quad-core ပရိုဆက်ဆာနှင့် 1.5GB RAM တို့ ပါဝင်သည်။ On5 နှင့် On7 ၏ အဓိက ကွာခြားချက်မှာ ကင်မရာဖြစ်ပြီး On7 တွင် 13-megapixel sensor ပါဝင်ကာ On5 တွင် 8-megapixel sensor ပါဝင်သည်။ On7 ၏ ဘက်ထရီက 3,000 mAh ဖြစ်ပြီး On5 ၏ 2,600 mAh ဘက်ထရီထက် ကြီးမားသည်။ ထို့အပြင် On5 ၏ ပရိုဆက်ဆာက 1.2GHz ဖြစ်ပြီး On7 က 1.3GHz ဖြစ်သည်။

Ref: CNET
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download