MEIZU ရဲ့နောက်ထပ်ခြေလှမ်းတစ်ခုကို M1 Note ရဲ့အောင်မြင်မှုအပြီးမှာ
ဆက်လက်ပြီး M2 Note နဲ့ စတင်ခဲ့ပါတယ်။ M2 Note ဟာဆိုရင်
နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ Phablet တစ်လုံးဖြစ်ပြီး
မယုံနိုင်လောက်တဲ့ဈေးနှုန်းကိုပေးစွမ်းနိုင်ပါတယ်။ Meizu M1 Note
ကိုတန်ဖိုးအရကော သက်သက် သာသာသုံးစွဲနိုင်အောင် အထူးပြင်ဆင်တည်ဆောက်ခဲ့ပြီး
အကောင်းဆုံးစမတ်ဖုန်းတစ်လုံးဖြစ်အောင် meizu က ဖန်တီးပေးထားပါတယ်။ M1 Note
နဲ့ယှဉ်နိုင်တဲ့အချက်တွေက နောက်ဆုံးပေါ် Android သုံးပေးထားတာနဲ့ micro SD
အပေါက်ပါဝင်တာတို့ကြောင့် သုံးစွဲရတာပိုမိုအဆင်ပြေလာပါလိမ့်မယ်။ Processor
နဲ့ GPU အပိုင်း တို့မှာတော့ အရင် M1 Note
ထက်စွမ်းဆောင်ရည်ကို အနည်းငယ်လျော့ချ ထားပြီး RAM ပမာဏ ပါဝင်ထားခြင်း
တော့အတူတူပဲဖြစ်ပါတယ်။
Poly Carbonate unibody ကြောင့် ပေါ့ပါးနေမှာဖြစ်ပြီး 149 g အလေးချိန်ရှိပါ တယ်။ 4G ကွန်ရက်ထိ ချိတ်ဆက်နိုင်သလို Dual SIM စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ Meizu M2 Note ဟာ ဈေးနှုန်း အရသုံးရတာတန်ပြီး ကောင်းမွန်တဲ့အချက်အများစုဆက်လက်ပါဝင်နေပါတယ်။
* Design & Build *
Meizu M2 Note ရဲ့ဒီဇိုင်းကိုခြုံငုံကြည့်လိုက်ရင်အရင် M1 Note အတိုင်းသေသေသပ်သပ်နဲ့ ကြည့် ကောင်းပါတယ်။ ဘေးထောင့်ခုံးခုံးလေးတွေနဲ့ iPhone ဒီဇိုင်းပုံစံခပ်ဆင်ဆင်တူညီနေ တာတွေကြောင့် M2 Note ရဲ့ကိုယ်ထည်ကို လွယ်လွယ်ကူကူမှန်းဆနိုင်ပါတယ်။ M2 Note ရဲ့ကျောပြင်ကျစ်လျစ်တာကြောင့် လက်ထဲမှာ ကိုင်ရတာပိုပြီးအံဝင်ခွင်ကျဖြစ်နေတာက M1 Note ထက်ပိုမိုကောင်းမွန်လာတာဖြစ်ပါတယ်။ ရှေ့မျက်နှာပြင် ကို Gorilla Glass 3 နဲ့ဖုံးအုပ်ထားပြီး ကျောဘက် အဖုံးကို ဖြုတ်/ တပ်လို့မရအောင်ရိုးရှင်းသပ်ရပ်စွာဖန်တီးထား ပါတယ်။ သတ္တုကိုယ်ထည်ကြောင့် လေး လံနေမှာမစိုးရိမ်ရဘဲ M2 Note ကိုပလတ်စတစ်နဲ့တည်ဆောက်ထား ပါတယ်။ M2 Note ရဲ့ဒီဇိုင်းမှာ သိသိသာသာပြောင်းလဲသွားတာက ရှေ့မျက်နှာပြင် Home button ကို ငွေမှင် ရောင်အကွပ်လေးနဲ့ ဘဲဥပုံသဏ္ဍာန်မြင်တွေ့ရမှာဖြစ်ပါတယ်။ အဲဒီခလုတ်တစ်ခုတည်းကနေ Back နဲ့ Home Functions တွေ ကိုဆောင်ရွက်နိုင်ပါတယ်။ ဖုန်းရဲ့ဘယ်ဘက်ခြမ်းမှာ volume နဲ့ Power ခလုတ်တို့ကိုဖော်ပြ ထားပြီး ညာဘက်မှာတော့ SD ကတ် ဒါမှမဟုတ် ဆင်းကတ်နောက်ထပ်တစ်ကတ်သုံးနိုင်တဲ့ tray လေးတစ်ခု ပါဝင်ပါတယ်။
* Display *
M1 Noteရဲ့ 5.5 အရွယ်မျက်နှာပြင်ကိုဘဲ M2 Note မှာ ဆက်လက်သုံးထားပြီး 1080 x 1920 pixels full HD ရုပ်ထွက်ကိုပံ့ပိုးပေးနိုင်ပါတယ်။ IGZO အမျိုးအစား screen ကြောင့် ကြည်လင်ပြတ်သားနေမှာဖြစ်ပြီး 403 ppi ပါဝင်တာကလည်း လုံလောက်မှုရှိပါတယ်။ M2 Note ရဲ့မျက်နှာပြင်ဟာ အရင် M1 Note ထက်တော့ ပိုမိုမတောက်ပနေဘဲ ပြောင်လက်နေတဲ့ မျက်နှာပြင်ကြောင့် အလင်းမြန်မှုကို သိသိသာသာထင်ရှားစေပါတယ်။
* Operating System and Camera *
Meizu M2 Note ကို Flyme OS နဲ့ထွက်ရှိလာပြီး နောက်ဆုံးပေါ် Android OS 5.0 (Lollipop) အပေါ်မှာအခြေခံထားပါတယ်။ Apple ရဲ့ iOS နဲ့ခပ်ဆင်ဆင်တူညီနေပြီး App drawer မပါဝင်ပါဘူး။ 13MP ကင်မရာနဲ့အတူ ကျောဘက်မှာ dual-tone LED flash ကိုတွေ့နိုင်ပြီး Auto, Manual, Beauty, Panorama, Light field, Scan နဲ့ Slowmotion mode တွေကိုအသုံးပြုနိုင်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင်မှာ 5MPကင်မရာ တပ်ဆင်ထားပြီး 1080p Full HD ကို 30fps နဲ့ရိုက်ကူးနိုင်ပါတယ်။
* Performance *
Media Tek MT 6753 chipset နဲ့အတူ Core ၈လုံးနဲ့ run ပေးထားပြီး 1.3 GHz မြန်နှုန်းရှိ Processor ဟာ စွမ်းဆောင်ရည်အကောင်းဆုံးထိ မြှင့်တင်ပေးနိုင်ပါတယ်။ ဂရပ်ဖစ်ဟာ Mali-T720 MP3 ဖြစ်ပြီး M1 Note ရဲ့ CPUထက် အားလျော့နည်းပါတယ်။ RAM ကတော့ 2GB ပမာဏကိုဘဲဆက်လက်သုံးစွဲထားပါတယ်။ ဖုန်း တွင်းသိုလှောင်မှုပမာဏ 16GB ပါဝင်ပြီး 128 GB ထိ ထပ်တိုးသုံးနိုင်ပါတယ်။ တစ်နေ့တာ သုံးစွဲမှုအတွက် ခံနိုင် ရည်အပြည့်ရှိတဲ့ 3100 mAh ဘတ်ထရီကို ဖြုတ်/တပ်လို့ မရအောင်ပြုလုပ် ထားပါတယ်။
* Specification *
Display : 5.5 inches, IGZO capacitive touchscreen Memory : 16 / 32GB, 2GB RAM Camera : 13 Megapixel, autofocus, dual-LED (dual tone) flash OS : Android OS, v5.0 (Lollipop) Phone : 09-401577187 (e-city)
Price : 185,000/-
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal