KMD မြန်မာကျောင်းသား လူငယ် Developer ၅ဦးသည် Mvoter အမည်ရှိ Mobile
Application ဖြင့် Australian Department of foreign Affair and Trade
နှင့် The Asia Foundation တို့ ပူးပေါင်း ကျင်းပခဲ့ သောမဲပေးစို့ Hack
Challenge ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုဆွတ်ခူးသွားခဲ့သည်။
ထို ပြိုင်ပွဲတွင်
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သောပြိုင်ပွဲဝင်များ၏အတွေ့အကြုံများ၊
အနာဂတ်နည်းပညာများနှင့် ပတ်သက်သော ဆွေး နွေးပွဲကို မြေနီကုန်းရှိ KMD Centre
တွင် ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
ပထမဆုရရှိခဲ့သော သူများထဲမှ ၃ဦးမှာလက်ရှိ KMD တွင် B.Sc (Hons) B.I.T သင်တန်းကို တက်ရောက်နေသူများဖြစ်သည်။ ထို့ကြောင့် KMD အနေဖြင့်ဂုဏ်ပြု ချီးမြှောက်လိုသော ရည်ရွယ် ချက်အပါအ၀င်၊ အခြား ကျောင်းသားကျောင်းသူ များပါပြိုင်ပွဲဝင်များ၏ အတွေ့အကြုံများ၊နည်းပညာ များကိုဆွေးနွေးစေ လိုသော ရည်ရွယ်ချက်ဖြင့် အဆိုပါဆွေးနွေးပွဲကိုကျင်းပခြင်းဖြစ်သည်ဟု သိရသည်။
ဆွေးနွေးပွဲတွင် KMD Computer Centre မှ ကျောင်းသား၊ ကျောင်းသူများ အပြင် IT နည်းပညာကို စိတ်ပါဝင်စားသောကျောင်းသား ကျောင်းသူ များမှ ပါဝင်ဆွေးနွေးမှုများပြုလုပ်သွားခဲ့သည်။ “ကျွန်တော် တက်ရောက်ခဲ့တဲ့ ဒီပလိုမာသင်တန်းမှာသင်ခဲ့ရတဲ့ Programming ဘာသာရပ်တွေ၊ Project Management ဘာသာရပ်တွေဆိုရင် အခုလိုပြိုင်ပွဲဝင်တဲ့အခါ အရမ်း အသုံးဝင်ခဲ့ပါတယ်။ သင်တန်း မှာလေ့လာပြီးလေ့ကျင့်ခဲ့ရတဲ့အတွေ့အကြုံ တွေဟာကျွန်တော်တို့အတွက် ယုံကြည်မှုဖြစ်ပေါ်စေပါတယ်။
ရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး တိကျမှန်ကန်တဲ့အချက် အလက်တွေကိုအလွယ်တကူ ရရှိ နိုင်အောင်လို့ တတ်နိုင်တဲ့ဘက်ကကူညီချင်တဲ့အတွက်ရယ် နောက်ပြီး ကိုယ်သင်ယူထားတဲ့ ပညာရပ် တွေကိုလက်တွေ့ အသုံးပြုချင်တာကြောင့် Hack Challenge ပွဲကိုဝင်ပြိုင်ဖြစ်ခဲ့တာပါ။ အခုမှ ပထမဆုံးမဲပေးမယ့်သူတွေ လည်းအများကြီးရှိသလို၊ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီလိုမျိုး Application တစ်ခုကိုအသုံးပြုဖို့ လိုအပ်နေပြီဖြစ်တာကြောင့် Mvoter 2015 Application ကို ရေးဆွဲဖြစ်ခဲ့တာပါ”ဟု Mvoter 2015 Application အား ဖန်တီးရေးဆွဲ ခဲ့သော Pop-Stack အဖွဲ့ဝင် ကိုမြတ်မင်းစိုးမှပြောကြားခဲ့သည်။
KMD Institute ၏ Training Manager ဒေါ်ဝါ၀ါကလည်း “အခုလို ထူးထူး ချွန်ချွန်ထက်ထက် မြက်မြက်နဲ့ Hack Challenge ပြိုင်ပွဲမှာပထမရရှိခဲ့ပြီး နိုင်ငံ အတွက် တစ်ဖက်တစ်လမ်းမှကူညီပေးနိုင် တဲ့ မြန်မာလူငယ်တွေကို တကယ်ပဲ ဂုဏ်ယူမိပါတယ်။ ကျွန်မတို့ KMD Institute မှလည်း ဆက်လက်ပြီး ကျောင်းသူ၊ကျောင်းသားများရဲ့ရည်မှန်းချက်တွေကို လိုအပ်တဲ့ဖက်မှ ပံ့ပိုးပြီး ထူးချွန်ထက်မြက် တဲ့လူငယ်များကို မွေးထုတ်ပေးသွားမှာပါ” ဟု ပြောကြား ခဲ့ကြောင်း သိရသည်။
ရဲလင်းစိုး
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal