KENBO စမတ်ဖုန်းအနေနဲ့ မျိုးစုံသော မိုဘိုင်းဖုန်းတွေကို မော်ဒယ် အလိုက် မကြာခဏထုတ်လုပ်ပေးလျက် ရှိပါတယ်။ KENBO ဟာ လူအတော်များများ ရဲ့ အားပေးကြိုက်နှစ်သက်မှုကို အချိန်တိုအတွင်း ရရှိခဲ့ပါတယ်။ Fly O21 ထွက်ရှိပြီး နောက်ပိုင်း သိပ်မကြာခင်မှာပဲ မော်ဒယ်အသစ်အဖြစ် Hero K3 ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ Hero K3 ရဲ့ဒီဇိုင်းကသေသပ် လှပပြီး လေးထောင့်ဆန်တဲ့ပုံစံမျိုးရှိပါတယ်။ အနောက်ဘက်အခြမ်းကတော့ အခြား သောဖုန်းအမျိုးအစားတွေနှင့် မတူဘဲ ဆန်း သစ်ပြီး အလွန်ထူးခြားစွာ ပြုလုပ်ထားတာဖြစ်လို့ ဆင်တူရိုးမှားဖြစ်မှာကို ပူပန်စရာမလိုပါဘူး။
ဖုန်း ကိုယ်ထည်ရဲ့ဖွဲ့စည်းမှုအပိုင်း တစ်ခုဖြစ်သော ဘေးဘောင်တွေကတော့ ထူးခြားချက်မရှိပေမယ့် အနောက်ဘက်ကာဗာကတော့ ပလတ်စတစ် ကော်ပျော့ ကာဗာဖြစ်ပြီး ထူးခြားချက်ကတော့ လားရာဘက်မတူညီတဲ့ မျဉ်းကွေးပုံသဏ္ဌာန်များဖြင့် ဒီဇိုင်းတစ်ခုဖန်တီးထားတာကြောင့် ဆန်းသစ် လှပပါတယ်။ K3 ရဲ့ မျက်နှာပြင်အကျယ်အ၀န်းကတော့ 5 inches ရှိပြီး မြင်ကွင်းစွမ်းရည်အတွက်ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ 720 ×1280 ဖြစ်ပါတယ်။ ကြည်လင်ကောင်းမွန်သောပုံရိပ်များကို ကြည့်ရှုခံစားအသုံးပြုနိုင်ပါတယ်။
သုံးစွဲလို့ရမယ့် Network အမျိုးအစားများမှာ GSM, WCDMA , CDMA 800MHz တို့ဖြစ်ပါတယ်။ Sim Card ၂ ကတ်လည်း ထည့်သွင်းအသုံးပြုလို့ ရပါသေးတယ်။ လိုင်းဆွဲအားကောင်းမွန်သောကြောင့် ကြည်လင်ပြတ်သား သော အသံ တွေကိုလည်း ခံစားရရှိနိုင်ပါမယ်။ CDMA 450MHz မှလွဲ၍ ကျန် Network များကို ထည့်သွင်းအသုံးပြုနိုင်သော KENBO ရဲ့ ယခုဖုန်းတွင် အဓိကကင်မရာသည် 13MP စွမ်းရည်ရှိပြီးရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ရှိပါတယ်။ မှတ်ဥာဏ်ပမာဏ အပိုင်းတွင် RAM က 2GB ပါရှိပြီး ROM ကတော့ 16GB ဖြစ်ပါတယ်။ Quad-core Processor ကိုအသုံးပြုနိုင် မယ့် ဖုန်းတစ်လုံးဖြစ်ပါတယ်။
<Specification>
Network - GSM/CDMA 800/ WCDMA
Memory - 16GB
Bluetooth - Yes
CPU - Quad Core
OS - Android OS, v4.4
Screen - 5 inches
Contact - 01-381035
Memory - 16GB
Bluetooth - Yes
CPU - Quad Core
OS - Android OS, v4.4
Screen - 5 inches
Contact - 01-381035