11/16/2015

♪ ပါရီတိုက်ခိုက်မှုအပြီး ISIS အဖွဲ့ကို Anonymous စစ်ကြေညာ ♫


သောကြာနေ့က ပါရီမြို့ တိုက်ခိုက်ခံရပြီးနောက် ISIS အဖွဲ့အား ဟက်ကာအဖွဲ့ Anonymous က စစ်ကြေညာလိုက်သည်။

YouTube တွင် တင်ထားသော ဗီဒီယိုတစ်ခုအရ မိမိတို့အနေဖြင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သော တိုက်ခိုက်မှုများအတွက် ပေါင်းစည်းပါဝင်မည် ဖြစ်ကြောင်း Anonymous အဖွဲ့မှ ပြောကြားသည်။

“ကမ္ဘာတစ်ဝန်းက Anonymous တွေက မင်းတို့ကို မြေလှန်ရှာဖွေသွားမှာ ဖြစ်တယ်။ မင်းတို့ကို ရှာဖွေပြီး သွားခွင့်မပြုဘူးဆိုတာကို မင်းတို့သိထားရမယ်။ မင်းတို့ကို ဆန့်ကျင်တဲ့ အကြီးကျယ်ဆုံး စစ်ဆင်ရေးကို ငါတို့ စတင်သွားမှာ ဖြစ်တယ်။ အကြီးမားဆုံး ဆိုက်ဘာတိုက်ခိုက်မှုတွေကို မျှော်လင့်ထားပါ။ ငါတို့ စစ်ကြေညာလိုက်ပြီ။ မင်းတို့ အသင့်ပြင်ထားပါ။ ပြင်သစ်တွေက မင်းတို့ထက် ပိုမိုကြံ့ခိုင်တယ်။ မင်းတို့ရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေကြောင့် သူတို့က ပိုပြီးကြံ့ခိုင်လာလိမ့်မယ်” ဟု အဖွဲ့၏သင်္ကေတ မျက်နှာဖုံးကို ဝတ်ဆင်ထားသူတစ်ဦးက ပြင်သစ်စကားဖြင့် ပြောကြားသည်။

ISIS ကို ဆန့်ကျင်သည့် ခြိမ်းခြောက်မှုမျိုးကို ဟက်ကာများက ယခုမှ ပြုလုပ်သည် မဟုတ်ပေ။ ဇန်နဝါရီလက Charlie Hebdo တိုက်ခိုက်ခံရမှုအပြီးတွင်လည်း ၎င်းတို့က အလားတူ ခြိမ်းမြောက်မှုများ ပြုလုပ်ခဲ့သည်။

သောကြာနေ့က ပါရီတိုက်ခိုက်မှုကို ၎င်းတို့အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ISIS က ကြေညာခဲ့သည်။
အကြမ်းဖက်သမားများသည် ပါရီမြို့ရှိ စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်များ အပါအဝင် နေရာ ၇ ခုကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် လူ ၁၂၉ ဦး သေဆုံးကာ ၄၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအနက် ၄၂ ဦးမှာ အရေးပေါ် အခြေအနေနှင့် ကြုံတွေ့နေရသည်။

Ref: Mirror

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>