11/11/2015

♪ Huawei က ၅.၅ လက်မ Full HD Display တပ်ဆင်ထားသော G7 Plus ကို ကြေညာ ♫


Huawei က စွမ်းဆောင်ရည်သင့် စမတ်ဖုန်းဈေးကွက်တွင် ယှဉ်ပြိုင်ရန် G7 Plus ကို မိတ်ဆက်လိုက် ပါသည်။ သတ္တုဖရိမ်တပ်ဆင်ထားပြီး ယခင်နှစ်ထုတ် Huawei G7 ၏ မျိုးဆက်ဖြစ်ပါသည်။ Display, Processor အပိုင်းတွင် G7 Plus သည် တိုးတက်လာပါသည်။

Huawei G7 Plus တွင် ၅.၅ လက်မ IPS Full HD (1920x1080p ) 2.5D Display တပ်ဆင်ထားပါသည်။ Octa-Core Qualcomm MSM8939 SoC (1.2GHz quad-core + 1.5GHz quad-core) , 3GB RAM ထည့်သွင်းထားပါသည်။ 32GB Storage အပြင် 128GB အထိ ၀င်ဆန့်သော microSD Card ထည့်သွင်းနိုင်ပါသည်။ အနောက်ဘက်တွင် Fingerprint Sensor တပ်ဆင်ထားပါသည်။

Autofocus နည်းပညာပါသော 13MP Camera ကို Dual-Tone Flash နှင့် အတူ အနောက်ဘက်တွင် တပ်ဆင်ထားပါသည်။ အရှေ့ဘက်တွင် 5MP Camera ပါရှိပါသည်။ 3000mAh Battery ပါရှိပြီး 4G LTE, 3G တို့ကို ထောက်ပံ့သော Dual-SIM Phone ဖြစ်ပါသည်။ Android 5.1 Lollipop ကို Emotion UI 3.1 ဖြင့် ပေါင်းစပ်ထားပါသည်။ ဒေါ်လာ ၃၃၀ သတ်မှတ်ထားပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com