11/11/2015

♪ ဆင်းမ်ကတ် အမျိုးအစားလေးခုသို့ ငါးစက္ကန့်အတွင်း ဖုန်းငွေဖြည့်သွင်းနိုင်သည့် ဝန်ဆောင်မှုပြုလုပ် ♫


ဆင်းမ်ကတ် အမျိုးအစားလေးခုသို့ ငါးစက္ကန့်အတွင်း ဖုန်းငွေဖြည့်သွင်းနိုင်သည့် ဝန်ဆောင်မှုကို သမဝါယမဘဏ် (CB Bank) မှဆောင်ရွက်ထားကြောင်းသိရသည်။

MPT, MecTel, Telenor, Ooredoo ဖုန်းများသို့ ငါးစက္ကန့်အတွင်း တိုက်ရိုက် ဖုန်းငွေဖြည့်သွင်းနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ CB Bank ၏ Mobile Banking Application မှ တစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ဖုန်းငွေဖြည့်ရန်အတွက် ဖုန်းထဲတွင် Mobile Banking Application ရှိရမည်ဖြစ်သည်။ Mobile Banking Application တွင် Top Up နေရာမှတစ်ဆင့်ဖြည့် သွင်းအသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။ ယခင်ကအော်ပရေတာအချို့၏ မိုဘိုင်းဖုန်းများအတွက် သာ အဆိုပါစနစ်ကိုအသုံးပြုနိုင်ရာမှ ယခုအခါ ဆင်းမ်ကတ် အမျိုးအစားလေးမျိုး အတွက် ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

မိမိဖုန်း ငွေဖြည့်သွင်းလိုသော ဖုန်းနံပါတ်သို့ ခဲခြစ်စရာမလို၊ လျို့ဝှက်နံပါတ် ရိုက်ထည့်စရာမလိုဘဲ ထည့်သွင်းနိုင်ရန် ဆောင်ရွက်ထားခြင်း ဟုဆိုသည်။ CB Bank ၏ Mobile Banking Application ကို နီးစပ်ရာ သမ၀ါယမဘဏ်များတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။ မိုဘိုင်းဘဏ်စနစ် Application ကို သမ၀ါယမဘဏ်အပြင် အခြားဘဏ်များတွင်လည်း အသုံးပြုလျက်ရှိသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com