6/01/2017

♪ ဝက်ဘ်စာမျက်နှာပေါ်က စာသားတွေကို iPhone ရဲ့ Safari browser မှာ ရှာဖွေနိုင်မယ့်နည်းလမ်း ♫


ဝက်ဘ်စာမျက်နှာတစ်ခုမှာ ကိုယ်ရှာဖွေချင်တဲ့ စာလုံးရှိတယ်ဆိုရင် ကွန်ပျူတာပေါ်မှာ Find (Ctrl + F) ဆိုတဲ့ feature နဲ့ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ ဒါပေမယ့် iPhone ပေါ်မှာ browser နဲ့ သုံးစွဲတဲ့အခါသုံးစွဲသူတွေက Find လိုမျိုး feature တွေကို အလွယ်တကူနဲ့ မမြင်တွေ့နိုင်ပါဘူး။

iPhone ပေါ်မှာပါတဲ့ Safari browser ကနေ ဝက်ဘ်ဆိုက်တစ်ခုကို သုံးစွဲတဲ့အခါ ဝက်ဘ်စာမျက်နှာတွေက စာသားတွေကို ရှာဖွေချင်တယ်ဆိုရင် Safari browser ရဲ့ အောက်ခြေမှာရှိတဲ့ Share Sheet icon ကို နှိပ်လိုက်ပါ။

ပေါ်လာတဲ့ option ရဲ့ အောက်ဆုံးအတန်းမှာ ညာဘက်ကို ဆွဲပြီး Find on Page ဆိုတဲ့ feature ကို တွေ့တဲ့အထိ ဆွဲလိုက်ပါ။

အဲ့ဒီနောက် Find on Page feature ကို နှိပ်ပြီး ကိုယ်ရှာဖွေချင်တဲ့ စာလုံးကိုရိုက်ထည့်ပါ။ ဒါဆိုရင် ဝက်ဘ်စာမျက်နှာပေါ်က စကားလုံးတွေကို ရှာဖွေနိုင်ပါပြီ။


-သီဟ

Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com