6/12/2017

♪ iDevice တွေမှာ နေရာလွတ်ပိုမိုရရှိအောင် ပြုလုပ်ရမယ့်အချက်များ ♫


iPhone, iPad တို့မှာ နေရာလွတ်တွေလျော့နည်းနေတာမျိုးကို ကြုံရပြီလား။ ဒီလိုအခြေအနေမျိုးကြုံနေရပြီဆိုရင် အနည်းအကျဉ်းတော့ စိတ်အနှောင့်အယှက် ဖြစ်ကြမှာပါ။ iPhone, iPad တွေမှာ သိမ်းဆည်းနိုင်မယ့် နေရာလွတ်တွေ နည်းပါးနေတယ်ဆိုရင် ဖော်ပြထားတဲ့အချက်တွေနဲ့ နေရာလွတ်တွေ ပိုမိုရရှိအောင် ပြုလုပ်နိုင်ပါတယ်။

Storage သုံးစွဲမှုတွေကို စစ်ဆေးပါ။
iDevice တွေမှာ storage space တွေ ဘယ်လောက်စားသုံးထားတယ်ဆိုတာကို သိချင်တယ်ဆိုရင် Settings > General > Storage & iCloud usage > Manage Storage ဆိုတာကို နှိပ်ပြီး storage space တွေမှာ ဘယ်ဟာတွေက ဘယ်လောက်ထိ နေရာယူထားတယ်ဆိုတာကို ကြည့်နိုင်ပါတယ်။

မက်ဆေ့ခ်ျ အဟောင်းတွေကို အလိုအလျောက်ဖျက်နိုင်ရန်အတွက် setting သတ်မှတ်ပေးပါ။
မက်ဆေ့ခ်ျတွေများလာတာနဲ့ အမျှ storage အတွင်းမှာ မက်ဆေ့ခ်ျ အဟောင်းတွေကြောင့် နေရာလွတ် တဖြည်းဖြည်းနည်းပါးလာတတ်ပါတယ်။ စကားပြောထားတဲ့ မက်ဆေ့ခ်ျအဟောင်းတွေကို ကိုယ်တိုင် မဖျက်ချင်ဘူးဆိုရင် အလိုအလျောက်ဖျက်နိုင်စေဖို့အတွက် ပြုလုပ်ပေးထားနိုင်ပါတယ်။ Settings > Message ဆိုတဲ့အထဲကို သွားပြီး Keep Messages ဆိုတဲ့နေရာမှာ 30 Days, 1 Year, Forever ဆိုပြီး ဖော်ပြထားပါလိမ့်မယ်။ 30 Days ကို သတ်မှတ်ထားပေးရင် နောက်ပိုင်းမှာ message တွေကို အလိုအလျောက် ရှင်းလင်းပေးသွားပါလိမ့်မယ်။

Photo stream ကို ထိန်းချုပ်ပါ။
Photo stream ဟာ ဓာတ်ပုံတွေကို အခြား device တွေမှာ တူညီတဲ့ Apple ID ကို ထည့်သွင်းသုံးစွဲမယ်ဆိုရင် အလွယ်တကူနဲ့ ဝေမျှသုံးစွဲနိုင်အောင် လုပ်ပေးထားပါတယ်။ ပြဿနာအနေနဲ့က ဓာတ်ပုံတွေဟာ အခြားနေရာတွေမှာလည်း ထပ်တူဖြစ်နေတာကြောင့် မလိုအပ်ဘဲ storage တွေကို နေရာယူထားနိုင်ပါတယ်။ ဒါကြောင့် Settings > Photos & Camera > iCloud Photo Sharing ကို switch off လုပ်ပေးရပါမယ်။

ဓာတ်ပုံတွေရဲ့အရည်အသွေးတွေကို ချိန်ညှိပါ။
Storage နည်းပါးတဲ့ iDevice အချို့မှာ ဓာတ်ပုံအရည်အသွေး အမြင့်ကြီးတွေထားပြီး ရိုက်ကူးတာနဲ့ ဗီဒီယိုတွေကို Full HD ဒါမှမဟုတ် 4K နဲ့ရိုက်ကူးဖို့ setting သတ်မှတ်ထားတာတွေကလည်း storage သုံးစွဲမှုကို ပိုမိုမြင့်တက်စေပါတယ်။ ဒါကြောင့် Settings > Photos & Camera အောက်မှာ Keep Normal Photo ဆိုတဲ့ toggle ကို off လုပ်လိုက်ပါ။ Record video မှာလည်း ဗီဒီယို အရည်အသွေးတွေကို ချိန်ညှိ နိုင်ပါတယ်။


နားမထောင်ဖြစ်တဲ့ သီချင်းဟောင်းတွေကို ဖျက်ပစ်ပါ။
iPhone, iPad ထဲမှာ ထည့်သွင်းထားတဲ့ သီချင်းတွေဟာ နားမထောင်ဖြစ်တာ ကြာပြီဆိုရင် အဲ့ဒီသီချင်းဟောင်းတွေကို ဖျက်ပစ်သင့်ပါတယ်။ Settings > General > Storage & iCloud Usage > Manage Storage ဆိုတာကို နှိပ်ပြီး နားမထောင်တော့တဲ့သီချင်းတွေကို ဘယ်ဘက်ကို ဆွဲပြီး ဖျက်ပစ်နိုင်ပါတယ်။



သီချင်းတွေသိမ်းဆည်းမှုအတွက် အနိမ့်ဆုံး storage ကို သတ်မှတ်ပါ။
iOS မှာ သီချင်းတွေကို 4GB အထက် သိမ်းဆည်းထားတယ်ဆိုရင် Optimize Storage ဆိုတဲ့ feature ပေါ်လာပါလိမ့်မယ်။ iPhone ရဲ့ Storage နည်းလာတဲ့အခါ လတ်တလော နားမထောင်တဲ့ သီချင်းတွေကို အလိုအလျောက်ဖျက်ပေးသွားမှာဖြစ်ပါတယ်။ Optimize ကို အသုံးပြုချင်တယ်ဆိုရင် Settings > Music > Optimize Storage ဆိုတဲ့လမ်းကြောင်းအတိုင်း သွားပြီး အနိမ့်ဆုံး storage ပမာဏကို သတ်မှတ်ထားနိုင်ပါတယ်။


 
-သီဟ


Credit to ==> Internet Journal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com