သင့်ရဲ့ ကွန်ပျူတာမှာ Mouse Pointer ရဲ့ အရောင်၊ အရွယ်အစားစတာတွေကို အပြောင်းအလဲ လုပ်လို့ ရပါတယ်။ အရင်တုန်းကဆို အသဲပုံစသည်ဖြင့် ပုံအမျိုးမျိုးလုပ်နိုင်ပေမယ့် လက်ရှိ Window 10 မှာတော့ အဲ့လောက်ထိ လုပ်လို့မရတော့ပါဘူး။ ဒါပေမယ့် အရောင်ပြောင်းတာ၊ အရွယ်အစားပြောင်းတာတွေတော့ လုပ်နိုင်ပါသေးတယ်။ မသိသေးတဲ့သူတွေအတွက်ကတော့ အသုံးဝင်နိုင်မှာပါ။
အရင်ဆုံး Control Panel ကိုသွားလိုက်ပါ။
ပြီးရင် “Ease of Access” ကိုနှိပ်လိုက်ပါ။
ပြီးရင် Ease of Access Center ထဲက Change how your mouse works (Window 7 မှာဆိုရင် Make the mouse easier to use) ဆိုတဲ့ Link အထဲကို ဝင်လိုက်ပါ။
အထဲမှာ ကိုယ်ကြိုက်တဲ့ ပုံစံကို ရွေးချယ်နိုင်ပါပြီ။
လွယ်ကူပါတယ် သင့်အနေနဲ့ အလွယ်တကူပဲ ဒါကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Window 8 နဲ့ 10 တွေမှာဆိုရင် Window Setting ထဲမှာလည်း ဝင်ပြောင်းနိုင်ပါတယ်။ ပိုမိုလွယ်ကူပြီး Window ၃ခုလုံးရနိုင်တဲ့ နည်းလမ်းကို တင်ဆက်ပေးလိုက်တာပါ။
www.pyaephyo.com