10/07/2016

♪ ပြီးခဲ့နှစ်လအတွင်း ထွက်ရှိခဲ့တဲ့ အကောင်းဆုံး Android ဂိမ်းများ ♫


Offline Game တွေသာမက Online Game တွေကိုပါ တွင်တွင်ကျယ်ကျယ် ကစားလာကြတဲ့ အတွက် Android ဂိမ်းလောက က တဖြည်းဖြည်းနဲ့ ကျယ်ပြန့်ကြီးမားလာပါတယ် ။ Android ဂိမ်းတွေ ရဲ့ တရားဝင် Store တစ်ခုဖြစ်တဲ့ Google Play Store ပေါ်မှာ နေ့စဉ်နဲ့အမျှ ဂိမ်းအသစ်တွေ ၊ ဂိမ်းအဟောင်းတွေရဲ့ Version အသစ်တွေ ထွက်ရှိနေပြီး Google Play Service Support လုပ်တဲ့ စမတ်ဖုန်းနဲ့ဆို အလွယ်တကူ Download ရယူနိုင်ပါတယ် ။ မြန်မာနိုင်ငံမှာတော့ အခမဲ့ ပေးထားတဲ့ ဂိမ်းတွေကိုသာ အဆော့များပေမယ့် အခြားနိုင်ငံတွေ မှာတော့ ပိုက်ဆံနဲ့ ဝယ်ရတဲ့ ဂိမ်းတွေကို ပါဝယ်ယူဆော့ကစားကြပါတယ် ။ ဂိမ်းအသစ်တွေကို ကစားချင်တဲ့ Android User တွေအတွက် ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ ထွက်ရှိခဲ့တဲ့ အကောင်းဆုံးဂိမ်း (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ် ။

Animation Throwdown (Free, 57MB) အွန်လိုင်းဂိမ်းအမျိုးအစားဖြစ်ပါတယ် ။ Character Card တွေကို စုဆောင်းပြီး Battle မှာ အနိုင်ရဖို့ epic card တွေနဲ့ combo အသစ်တွေဖန်တီးရမှာပါ ။ စုဆောင်းထားတဲ့ Card တွေကို အဆင့်မြှင့်တင်ပြီး အဆင်သင့်ဖြစ် တာနဲ့ အခြား Player တွေကို Multiplayer Arena မှာ စိန်ခေါ်ပြီး Battle ပြုလုပ်နိုင်ပါတယ် ။ ကမ္ဘာကျော်ကာတွန်းဇာတ်လမ်း (၅) ခုထဲက ဇာတ်ကောင် (၁၀၀) ကျော်ကို ဒီဂိမ်းထဲမှာ တစုတစည်းတည်း  တွေ့မြင်ရမှာဖြစ်ပြီး  အောက်က Link မှာ အခမဲ့ Download ရယူနိုင်ပါတယ် ။
Download Animation Throwdown On Google Play


Auralux: Constellations (Free, 95MB)
Strategy ဂိမ်းအမျိုးအစားဖြစ်ပြီး Local ရော Online ပါ Multiplayer ကစားလို့ရပါတယ် ။ အာကာသထဲမှာ သင့်ကိုယ်ပိုင် ဂြိုလ်တစ်လုံးပေးထားပြီး အရောင်တစ်ခုသတ်မှတ်ထားပါတယ် ။ အဲ့ဒီဂြိုလ်ကို အဆင့်မြှင့်တင်ပြီး ဘေးနားက အခြားအရောင်နဲ့ ဂြိုလ်တွေကိုလည်း သင့် အရောင်ဖြစ်အောင် နယ်မြေချဲ့ထွင်ရမှာဖြစ်ပါတယ် ။ ရုပ်ထွက်က ဆွဲဆောင်မှုရှိပြီး နောက်ခံ Music ကလည်းလိုက်ဖက်မှုရှိတဲ့အတွက် မနားတမ်းဆော့ချင်အောင် ဆွဲဆောင်နိုင်တဲ့ ဂိမ်းတစ်မျိုးပါပဲ ။ အောက်က Link မှာ အခမဲ့ Download ရယူနိုင်ပါတယ် ။
Download Auralux: Constellations On Google Play


Hovercraft: Takedown (Free, 35 MB)
Racing ဂိမ်းအမျိုးအစားဖြစ်ပါတယ် ။ Hovercraft ကို သေနတ်တွေ ၊ လေဆာတွေ ၊ ဒုံးကျည်တွေနဲ့ စိတ်ကြိုက် တည်ဆောက်ပြီး လမ်းပေါ်မှာ တွေ့သမျှ အခြားယာဉ်တွေနဲ့ အရာဝတ္ထုတွေကို ဖြိုခွင်းပြီး မောင်းရမယ့် ပုံစံဖြစ် ပါတယ် ။ ရန်သူ့ Hovercraft တွေက ပစ်တဲ့ လက်နက်တွေကိုလည်း ရှောင်ကွင်းရမှာပါ ။ လမ်းပေါ်မှာ ရသမျှ ပိုက်ဆံတွေကို စုဆောင်းပြီး မိမိရဲ့ Hovercraft ကို အလှဆင်ဖို့တဲ့ လက်နက်တွေ တပ်ဆင် ဖို့ အသုံးပြုရမှာဖြစ်ပါတယ် ။ အောက်က Link မှာ အခမဲ့ Download ရယူနိုင်ပါတယ် ။
Download Hovercraft: Takedown On Google Play


Particular (Free, 29MB)

Aventure ဂိမ်းအမျိုးအစားဖြစ်ပါတယ် ။ နှစ်ချို့ထောင်သားတစ်ယောက်က ဘဝသစ်စနိုင်ဖို့အတွက် ထောင်ဖောက်ပြေးတဲ့ ပုံစံဖြစ်ပြီး လမ်းတစ်လျောက်မှာရှိတဲ့ အစောင့်တွေ နဲ့ ထောင်ချောက်တွေကို ရှောင်ကွင်းပြီး ပြေးရမှာဖြစ်ပါတယ် ။ လမ်းပေါ်မှာတွေ့ မဲ့ ပါဝါတွေက အန္တရာယ်တွေကို ဖယ်ရှားဖို့ကူညီပေးမှာဖြစ်ပါတယ် ။  Level 65 ခုပါဝင်ပြီး Level တိုင်းမှာ ဦးနှောက်သုံးပြီး ဖြေရှင်းရမယ့် အခက်အခဲလေးတွေပါတဲ့အတွက် စိတ်လှုပ်ရှားဖို့ကောင်းမှာသေချာပါတယ် ။ အောက်က Link မှာ အခမဲ့ Download ရယူ နိုင်ပါတယ် ။
Download Particular On Google Play


Vain Glory: Vulkan Beta (Free, 465MB)

Strategy, Online ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး DotA နဲ့ အနည်းငယ်ဆင်တူပါတယ် ။ Vain Glory က ထွက်ရှိ တာကြာပြီဖြစ်ပေမယ့် Vlukan Beta ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ ထွက်ရှိလာတဲ့ update ဖြစ်ပြီး ယမင် Version တွေထက် (၃၀) ရာခိုင်နှုန်းပိုမိုကောင်းမွန်လာပါတယ် ။ သူငယ်ချင်းတွေနဲ့ ချိတ်ဆက်ပြီး 3 vs 3 ကစားလို့ရပါတယ် ။ Hero အသစ်တွေ ပါဝင်လာပြီး DotA လိုမျိုး ပွဲတစ်ပွဲကို အနည်းဆုံး (၂၅) မိနစ်တော့ ကစားရမှာဖြစ်ပါတယ် ။ ဂိမ်းရဲ့ Size ကများပေမယ့် DotA လိုမျိုး ရုပ်ထွက်အရမ်းကောင်းတဲ့အတွက် စိတ်ကျေနပ် စေမှာအသေအချာပါပဲ ။ အောက်က Link မှာ အခမဲ့ Download ရယူနိုင်ပါတယ် ။
Download VG: Vulkan Beta On Google Play




Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com