10/22/2016

♪ Plants vs. Zombies ရဲ့ အသစ်စက်စက် Update Plants vs. Zombies Heroes ♫


Plants vs. Zombies 2 နဲ့ Plants vs. Zombies Garden Warfare 2 တို့ကို ဖန်တီးတဲ့ Developer တွေရဲ့ ဖန်တီးမှုအသစ်စက်စက်တစ်ခုဖြစ်တဲ့ Plants vs. Zombies Heroes ဟာ အခုအချိန်မှာတော့ Google Play Store နဲ့ Apple Store ပေါ်ကိုရောက်ရှိလာပြီဖြစ်ပြီး အခမဲ့ Download ရယူနိုင်ပြီဖြစ်ပါတယ်။

plants-vs-zombies-heroes-image

Plants vs. Zombies ကို PC ဂိမ်းအဖြစ် စတင်ထုတ်လုပ်ခဲ့ပြီး လူကြီး လူငယ်မရွေး နှစ်ခြိုက်စွာ ဆော့ကစားခဲ့ကြတဲ့အတွက် Smartphone တွေ ခတ်စားလာခဲ့အခါမှာ Android နဲ့ iOS အတွက်ပါ ထုတ်လုပ် ခဲ့ပြီး အောင်မြင်မှု အတော်အတန်ရရှိခဲ့ပါတယ်။ အစတုန်းကတော့ Zombie တွေကို ခုခံတဲ့ Plant တွေဘက်က သာ ဆော့ကစားလို့ရခဲ့ပေမယ့် နောက်ပိုင်းမှာ Zombie တွေဘက်ကနေပါ ဆော့ကစားလို့ရတဲ့ Game Mode အသစ် တွေ အများအပြားဖြည့်စွက်ပြီး Update တွေ ထုတ်လုပ်ခဲ့ပါတယ်။ ဥပမာ Plants vs. Zombies 2 နဲ့ Plants vs. Zombies Garden Warfare တို့လိုမျိုးဖြစ်ပါတယ်။

plants-vs-zombies-heroes-1024x591

အခုနောက်ဆုံးထွက်ရှိလာတဲ့ Plants vs. Zombies Heroes ကတော့ နောက်ဆုံးထွက်ဖြစ်တာနဲ့အညီ အကောင်းဆုံးသော Feature အသစ်တွေ အများအပြား ဖြည့်စွက်ပြီး Real Time Online Game အဖြစ် ဖန်တီးထားတာဖြစ်ပါတယ်။ Plants တွေ နဲ့ Zombies တွေကြားက တိုက်ပွဲတွေဟာ ပိုမို ပြင်းထန်လာပြီး မကျေနပ်ချက်တွေများနေတဲ့ Zombie ခေါင်းဆောင် ဟာ Zombie တွေရဲ့ Hero အဖြစ်နဲ့ Plant တွေကို တိုက်ခိုက်နိုင်ဖို့ နည်းပညာ အသစ်တွေ တီထွင်ပြင်ဆင်လာကာ အစွမ်းမျိုးစုံရှိတဲ့ Zombie တွေနဲ့ တိုက်ခိုက်မှာဖြစ်ပါတယ်။ ဂိမ်း တစ်ခုလုံးရဲ့ ကစားပုံ ပုံစံက Clash Royale နဲ့ ဆင်တူပြီး Battle မှာ Hero အရင် ကျတဲ့ဘက်က ရှုံးမှာဖြစ်ပါတယ်။ စွဲဆောင်မှုရှိတဲ့ ဒီဇိုင်းပုံစံအသစ်တွေ စိတ်လှုပ်ရှားစရာကောင်းတဲ့ Super Power အသစ်တွေ နဲ့ Battle ပုံစံအသစ်တွေက လက်ကမချချင်အောင် စွဲဆောင်နေမှာ ဖြစ်ပါတယ်။ စ ကစားမယ့် သူတွေအနေနဲ့ ဂိမ်းပုံစံကို သေချာနားလည်စေဖို့ လွယ်ကူရှင်းလင်းတဲ့ Tutorial လည်း ပါဝင်ပါတယ်။ ဂိမ်း Trailer Video လေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။


စိတ်ဝင်စားလို့ Download ပြုလုပ်မယ်ဆိုရင်တော့ Android အတွက်ဆိုရင်တော့ အခြား နေရာတွေကနေ Download ချရင် ဖုန်းကိုထိခိုက်စေတဲ့ Virus တွေပါလာတတ်တဲ့အတွက် Google Play Store နဲ့ iOS အတွက်ဆို Apple App Store ကနေပဲ Download ပြုလုပ်ဖို့အကြံပြုချင်ပါတယ်။

pvz-heroes-title-624x351 

 

Download Plants vs. Zombies Heroes On Google Play Store



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com