10/21/2016

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫


မေး - အရင်တုန်းက ကျွန်တော့်ဖုန်းထဲမှာ G-Talk App ရှိပါတယ်ဗျာ။ ဒါပေမဲ့ Hangouts ကိုနှစ်သက်လို့ Install လုပ်လိုက်တဲ့အခါမှာ အရင်ရှိပြီးသား G-Talk App မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတာ ပြောပြပေးပါ။
ဖြေ - ဟုတ်ကဲ့ပါ။ Hangouts ဆိုတာ Chrome, iOS, Android ကနေပြီး Chat လုပ်လို့ရတဲ့ Platform Messaging Service ကိုပြောတာပါ။ Hangouts ကို Install လုပ်လိုက်လို့ G-Talk ပျောက်သွားတယ်ဆိုတာ Android ဖုန်းတွေမှာပဲဖြစ်တတ်ပါတယ်။ G-Talk နေရာမှာ Hangouts ကို အစားထိုးလိုက်တာပါ။ G-Talk ပြန်လိုချင်ရင်တော့ Hangouts ကိုပြန်ပြီး Uninstall လုပ်ပေးဖို့ လိုအပ်ပါတယ်။

 မေး - ကျွန်တော်ကိုင်တဲ့ Samsung Grand 2 က Korea အလုံးပါ။ သုံးခါစက တော်တော်အဆင်ပြေပါတယ်။ ဒါပေမဲ့ နည်းနည်းကြာလာတော့ အဆင်မပြေတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အင်တာနက်မဖွင့်ဘဲနဲ့ ပိုက်ဆံအလိုလိုဖြတ်တောက်နေလို့ပါ။ ဘယ်လိုဖြေရှင်းလို့ရပါသလဲ။
ဖြေ - ဟုတ်ကဲ့။ အရင်ဆုံးဖုန်းရဲ့ Dial Pad မှာ 319712358 ကိုနှိပ်ပေးပါ။ Password တောင်းရင် SKT ... 996412KT...774632LGU0821 တစ်ခုနှိပ်လိုက်တဲ့အခါ Network Mode ပေါ်လာရင် မြန်မာနိုင်ငံက Network Operator ကိုပြောင်းပေးပါ။ (e.g MPT ... MM900 ပြီးရင် ဖုန်းကို Reboot ချလိုက်ပါ။)

 မေး - iPhone 5 မှာ Apple Store ကိုအသုံးပြုပြီး App တစ်ခုကို Install လုပ်တဲ့အခါမှာ Fix Application Notcompatible ဆိုတဲ့ Error ပြနေတာ ဘာဖြစ်လို့ပါလဲ။
ဖြေ - ဟုတ်ကဲ့။ ဒီ Error ကတော့ Install လုပ်မယ့် App က Install လုပ်ဖို့ Supporting လုပ်တဲ့ iOS Version နဲ့ ဖုန်းမှာအသုံးပြုတဲ့ iOS Version မကိုက်လို့ပါ။ Supporting လုပ်တဲ့ Version နဲ့မကိုက်ရင် မိမိအသုံးပြုနေတဲ့ iOS Version ကို Update လုပ်လိုက်ပါ။

 မေး - ကျွန်တော့်ဖုန်းက iPhone 5S ပါ။ ဖုန်းကရေထဲကျသွားပြီး ပြန်အသုံးပြုလို့ရပေမယ့် Fingerprint စနစ်က အသုံးပြုလို့မရတော့ပါဘူး။ Home Key ကလည်း အသုံးပြုလို့အဆင်မပြေဘဲ ရတစ်ချက်၊ မရတစ်ချက် ဖြစ်နေပါတယ်။ အဲ့ဒါဘယ်လိုလုပ်ရမလဲ။ အသစ်လဲလိုက်ရင် ပြန်ကောင်းလာနိုင်ပါသလားဆိုတာ သိပါရစေခင်ဗျာ။
ဖြေ - iPhone 5S မှာပါတဲ့ Fingerprint Sensor စနစ်ဟာ ပျက်သွားတယ်ဆိုရင် အသစ်ပြန်လဲလို့ရတယ်ဆိုတာ ဟုတ်ပါတယ်။ Home Key နဲ့ Fingerprint စနစ် ၂ ခုစလုံးကို အတွဲလိုက် လဲလှယ်အသုံးပြုလို့ရပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုလဲလိုက်မယ်ဆိုရင်တော့ Home Key တစ်ခုပဲ ကောင်းကောင်းအလုပ်လုပ်နိုင်မှာပါ။ Fingerprint စနစ်ကတော့ အသုံးပြုလို့ရမှာ မဟုတ်တော့ပါဘူး။ Fingerprint စနစ်နဲ့ Fingerprint Sensor ဟာ ဖုန်းရဲ့အထဲမှာရှိနေတဲ့ Chip နဲ့ တိုက်ရိုက်ချိတ်ဆက်အလုပ်လုပ်နေတာဖြစ်ပြီး Chip ထဲမှာ Fingerprint အတွက် အသုံးပြုထားတဲ့စနစ်က ရှိနေပါတယ်။ ဒါကြောင့် Fingerprint ကိုဖြုတ်လိုက်ပြီး အသစ်လဲလှယ်တပ်ဆင်လိုက်မယ်ဆိုရင်တော့ အသစ်တပ်ထားတဲ့ Fingerprint Sensor အတွက် လုပ်ဆောင်ချက်တွေဟာ Chip ထဲမှာ မရှိနေတဲ့အတွက် လဲလိုက်တဲ့အသစ်ကို Chip က အလုပ်လုပ်ပေးနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် iPhone 5S မှာ Fingerprint စနစ်ပျက်သွားတယ်ဆိုရင် ဒီအတိုင်းပဲ ဆက်လက်အသုံးပြုရမှာဖြစ်ပါတယ်။ အသစ်လဲတပ်လည်း အသုံးပြုလို့ရမှာမဟုတ်ပါဘူး။

 မေး - ကျွန်တော်ကိုင်တာက Huawei P7 ပါ။ သီချင်းကို နားကြပ်နဲ့ နားထောင်နေရင်း ဖုန်းဝင်လာလို့ရှိရင် Screen က လုံးလုံးမဲသွားပြီး ဘာမှကို လုပ်လို့မရတော့ပါဘူး။ Battery ကလည်း အသေနဲ့ဆိုတော့ ဘယ်လိုလုပ်ရမှာလဲဗျာ။
ဖြေ - Huawei P7 မှာဆိုရင်တော့ အဲ့ဒီ Error ဖြစ်တတ်ပါတယ်။ တစ်ဘက်က ဖုန်းခေါ်တဲ့အချိန် ဒီဘက်မှာလည်း Music ကို နားကြပ်နဲ့ နားထောင်တဲ့အချိန်မှာ ဖုန်းပြောလို့တော့ ရနိုင်ပါတယ်။ Screen မပေါ်တာပဲရှိတာပါ။ ဘယ်လိုလုပ်ရမလဲဆိုတော့ Volume Down ကို အရင်နှိပ်ပြီး Power Key ကို ဖိထားလိုက်ပါ။ ပြန်ကောင်းသွားမှာပါ။

 မေး - ကျွန်တော့် Samsung i9300 S5 ဖုန်းလေးက အ၀င်အထွက် Call တွေ မပေါ်တော့ဘူးဖြစ်နေပါတယ်။ ဘယ်လိုဖြေရှင်းရမလဲ မသိဘူးခင်ဗျာ။ သိရင်ပြောပြပေးပါ။
ဖြေ - Samsung S5 ဖုန်းတွေမှာ Call Log တွေ မပေါ်တာကတော့ အစ်ကို့ရဲ့ဖုန်းထဲမှာ Date / Time ရော မှန်ရဲ့လားဗျာ။ Date / Time မမှန်ရင်လည်း ဖြစ်တတ်ပါတယ်။ Date / Time ပြန်ချိန်မယ်ဆိုရင်လည်း Automatic Date / Time ကို အမှန်ခြစ်ထားဖို့ လိုပါသည်။

ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com