10/21/2016

♪ " Acer Aspire Switch Alpha 12 " Price - USD 780 ♫


ခုတစ်ပတ်တော့ Tablet လိုရော NetBook လိုပါနှစ်မျိုးသုံးလို့ရမယ့် Model လေးနဲ့ မိတ်ဆက်ပေးပါရစေ။ Acer Switch ဟာဆိုရင်ဖြင့် Window Tablet လည်းဖြစ်နေတာကြောင့် စာရင်းဇယားသုံးချင်တယ်ဆိုရင်လည်း အဆင်ပြေစေမယ့် ပစ္စည်းလေးတစ်မျိုးပဲဖြစ်ပါတယ်။

Acer Switch Alpha 12 မှာသုံးထားသော CPU က Intel Core i5 ကိုမှ 6200U Processor အမျိုးအစားဖြစ်ပြီး data လုပ်ဆောင်ချက်ကို 2.3GHz မှ Turbo Boost 2.3GHz နဲ့ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ Memory 4GB ကို တပ်ဆင်ပေးထားပြီး Data ကို သိုလှောင်သိမ်းဆည်းဖို့အတွက် SSD 256GB ကိုလည်း တပ်ဆင်ပေးထားပါသေးတယ်။

Tablet ရဲ့ screen မျက်နှာပြင်ကို IPS နည်းပညာပါသော Screen မျက်နှာပြင်ကို သုံးထားပေးတဲ့အတွက် ပုံရိပ်ကို ကြည်လင်ပြတ်သားစွာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ Acer Aspire Switch Alpha 12 ရဲ့ထူးခြားချက်ကတော့ 3G မပါဝင်သော်လည်း Rounder များနှင့်လည်း တွဲသုံးလို့ရမှာဖြစ်ပါတယ်။ External Device များနှင့် တွဲသုံးစေရန် Micro USB, USB 3.0, Card Reader (Micro SD) Port များကိုလည်း ထည့်သွင်းပေးထားပါသည်။

Original Keyboard ပါဝင်တဲ့အတွက် External Keyboard ကို ထပ်မံဝယ်သုံးစရာ မလိုအပ်တော့ပါ။ ၎င်း Switch Alpha 12 ကို အာမခံသက်တမ်း Part & Service ၁ နှစ် ပေးထားပါတယ်။

Shwe Lamin Nagar, Ph : 01-2301797, 01-2301798, 01-227781

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com