10/07/2016

♪ “HTC One A9” ♫


“HTC One A9”

ပြည်တွင်းဈေးကွက်ထဲတွင် စမတ်ဖုန်းတံဆိပ် အမျိုးအစားများစွာရှိပြီး အချို့ သော တံဆိပ်များဟာ တန်ဖိုးမြင့်ဖုန်းများကိုသာ ထုတ်လုပ်ပြီး လူတန်းစား တချို့သာ ၀ယ်ယူအသုံးပြုနိုင်ပါတယ်။ အချို့သော တံဆိပ်များကတော့ လူတန်းစားမျိုးစုံကို ရည်ရွယ်၍ ဖုန်းအမျိုးအစား များစွာကိုထုတ်လုပ်ရောင်းချ ကြပါတယ်။ တံဆိပ်များစွာထဲကမှ HTC ဟာ အစောပိုင်း၌ လူသိများခဲ့ပြီး သုံးစွဲသူများ၏စိတ်ဝင်စားခြင်းကို များစွာရရှိခဲ့ပါတယ်။ သို့သော် အခြေအနေ အကြောင်းကြောင်းကြောင့် အခြားတံဆိပ်များရဲ့ ဈေးကွက်လွှမ်းမိုးခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း HTC ဟန်းဆက်များဟာ ဈေးကွက်ထဲတွင် နေရာတစ်ခုရယူထားဆဲဖြစ်ပါ တယ်။ အခြားတံဆိပ်များမှ စမတ်ဖုန်းသစ်များ ကို မကြာခဏမိတ်ဆက်ရောင်းချနေသော်လည်း HTC ဟာ ဖုန်းအသစ်ထွက်ရှိ မှု သိပ်မစိတ်ခဲ့ပါဘူး။ အခုအခါမှာတော့ HTC အနေဖြင့် ဖုန်းအသစ်နှစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ ကမ္ဘာ့ဈေးကွက်ထဲကို မိတ်ဆက်ထားသည့် ဖုန်းနှစ်လုံး ကတော့ Desire 10 Pro နှင့် Desire 10 Lifestyle တို့ပဲဖြစ်ပါတယ်။ Desire 10 Pro ဟာ မှတ်ဥာဏ်ပမာဏများစွာဝင်ဆံ့တဲ့ဖုန်းဖြစ်ပြီး ဘက်ထရီစွမ်းအား ပမာဏ ပါဝင်မှုလည်း များပြားပါတယ်။ Fingerprint Sensor ကိုလည်း တပ်ဆင်ပေးထားပါတယ်။ ကင်မရာစွမ်းရည်အရမ်းကို ကောင်းမွန်သည့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ Desire 10 Lifestyle ကတော့ 10 Pro ထက် ကင်မရာစွမ်းရည်အနည်းငယ်နိမ့်ပါတယ်။ ဘက်ထရီစွမ်းအားမှာလည်း အနည်းငယ်နည်းပါး ပါတယ်။

ပြည်တွင်းဈေးကွက်တွင် ၀ယ်ယူနိုင်သည့် HTC ဖုန်းများထဲကမှ A9 ဟာ စွမ်းဆောင်ရည် ကောင်းမွန်သော ဟန်းဆက် ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်ဟာ ထိပ်ဘက်ထောင့်များ၌ အ၀န်းအ၀ိုက်ပုံစံတည်ရှိပါတယ်။ အဓိက ကင်မရာ သည် အ၀ိုင်းပုံစံ တည်ရှိပြီး အနောက်ဘက်တွင် Flash မီးနှင့် တွဲဖက် တည်ရှိပါ တယ်။ ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 145.8x70.8x 7.3 mm ရှိခြင်း ကြောင့် ကိုင်ဆောင်အသုံးပြုဖို့အဆင်ပြေပါတယ်။ သယ်ယူသွားဖို့အတွက် ကတော့ ဖုန်းရဲ့အလေးချိန်မှာ 143g ရှိပါ တယ်။ ဖုန်း မျက်နှာပြင်အတွက် AMOLED capacitive touchscreen ကို အသုံးပြုပေးထားပြီး မျက်နှာပြင် အကျယ်အ၀န်းက တော့ 5 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏမှာ 1080x1920 ဖြစ်ကာ တစ်လက်မ မှာရှိမယ့် pixel ပမာဏ သိပ်သည်းဆကတော့ 441ppi ပါ။ ဖုန်းမျက်နှာပြင် အကြမ်းခံနိုင်စေဖို့ အတွက်လည်း Gorilla Glass 3 တပ်ဆင်ပေးထားပါသေး တယ်။ ကိုယ်ထည်တစ်ခုလုံးကို အထူးကောင်းမွန်သော အရောင် ၃ဆ တင်ထားသည့်သတ္တု အား အသုံးပြုထားပါတယ်။ HTC Sense UI ကို သုံးစွဲနိုင်မယ့် ဖုန်းပါ။ အဓိက ကင်မရာသည် 13MP, f/2.0 စွမ်းရည်ရှိပြီး၊ ရှေ့ကင်မရာငယ်ကတော့ 4MP, f/2.0 စွမ်းရည်ရှိပါတယ်။ OIS (Optical Image Stabilization), Dual LED (Dual Tone) Flash စသည်တို့ကိုလည်း သုံးစွဲနိုင်ပါမယ်။ အပျော်တမ်းခရီးသွားသည့်အခါမျိုးတွင်ဖြစ်စေ၊ ကစားကွင်း များတွင် ကစားနေရင်း ဖြစ်စေ အမှတ်တရပုံရိပ်များကို ရုတ်တရက်မြန်မြန် ရိုက်လိုက်သည့်အခါများတွင် ပုံရိပ်ေ၀၀ါးသွားခြင်း၊ မှုန်ဝါးသွားခြင်းမရှိဘဲ ပုံရိပ်အမြင်အား တည်တည်ငြိမ်ငြိမ်နှင့် ကြည်လင်ပြတ်သားစွာပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

ပုံမှန် စမတ်ဖုန်းများတွင် ပါဝင်သော JPEG File Format ဖြင့် ရိုက်ကူးနိုင်ရုံ သာမက professional ကင်မရာများကဲ့သို့ RAW File Format ဖြင့်ပါ ရိုက်ကူး နိုင်မှာဖြစ်ပါ တယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့်စွမ်းရည်ကတော့ 1080p ဖြစ်ကာ နှုန်းမှာ တစ်စက္ကန့်ကို 30frames ပါ။ အသံစနစ်ပိုင်းတွင်လည်း 24-bit/ 192kHz Audio, Dolby Audio, Active Noise Cancellation with Dedicated Mic စသည့် စနစ်များကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ လုံခြုံရေး စနစ်အတွက် Fingerprint Sensor ကို အသုံးပြုနိုင်ပါမယ်။ မှတ်ဥာဏ်ပမာဏ အပိုင်းတွင် နှစ်မျိုး နှစ်စားရှိပါမယ်။ RAM 2GB ဖြစ်ပါက Internal Storage တွင် 16GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ RAM 3GB ဖြစ်လျှင် Internal Storage ၌ 32GB ပါရှိပါမယ်။အချက်အလက်အများအပြား သိမ်းဆည်း လိုပါကလည်း Cardslot စနစ်ကို အသုံးပြု၍ မှတ်ဥာဏ်ပမာဏကို တိုးမြှင့်နိုင်ပါမယ်။ CPU အပိုင်းတွင် Octa Core (4x1.5GHz Cortex-A53 & 4x1.3GHz Cortex-A53) ကို အသုံးပြုပေးထားသောကြောင့် ဖုန်း၏တုံ့ပြန်နိုင် စွမ်းမှာ လျင်မြန်သွက်လက်ပါတယ်။ GPU ကတော့ Adreno 405 အမျိုး အစားပါ။ ထည့်သွင်းပေးထားသော Chipset ကတော့ Qualcomm Snapdragon 617 ဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ Android ဖြစ်ပြီး Version မှာ Marshmallow ပါ။ Nougat ကိုလည်း အဆင့်မြှင့်တင် အသုံးပြုနိုင်ပါမယ်။ Bluetooth Version ကတော့ 4.1 ပါ။

အားသွင်း အသုံးပြုရမယ့် ဘက်ထရီအမျိုး အစားကတော့ Li-Ion 2150mAh ဖြစ်ပါတယ်။ Quick Charge 3.0 စနစ်ပါရှိသောကြောင့် ဖုန်းအားသွင်းတဲ့ အခါတွင် မြန်ဆန်ပါလိမ့်မယ်။ ဖုန်းရဲ့ဘက်ထရီဟာ 3G network တွင် အသင့် အနေအထား၌ ၄၃၂ နာရီနီးပါးနှင့် စကားပြောဆိုချိန်အတွက် ၁၆နာရီ ခံနိုင်ရည် ရှိပါမယ်။ သီချင်းနားထောင်ရန်အတွက် နာရီ ၆၀နီးပါး ခံနိုင်စွမ်း ရှိပါမယ်။ အရောင်များစွာလည်း ထုတ်လုပ်ပေးထားပါတယ်။ ဖုန်းရဲ့တန်ဖိုးမှာ ၄၇၀,၀၀၀/- ကျပ်ဝန်းကျင်ရှိပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com