10/22/2016

♪ ပထမဆုံး RAM 6GB ပါဝင်တဲ့ R9s Plus နဲ့ R9s ဖုန်းမျိုးဆက်သစ်တွေကို ထုတ်လုပ် ♫


Oppo ဟာ တရုတ်နိုင်ငံထုတ်ဖုန်းတွေထဲမှာ အလျင်မြန်ဆုံး တိုးတက်လာနေတဲ့ ဖုန်းအမျိုးအစားတွေထဲက တစ်ခုဖြစ်ပါတယ်။ ၂၀၁၆နှစ်စောပိုင်းလောက်တုန်းက ကုမ္ပဏီအနေနဲ့ OPPO R9 နဲ့ Selfie ကင်မရာ 16MP ပါဝင်တဲ့ R9 Plus selfie အသားပေး စမတ်ဖုန်းတွေကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီဖုန်းတွေဟာ တရုတ်မှာရော မြန်မာလိုအရှေ့တောင်အာရှဈေးကွက်မှာပါ အောင်မြင်ခဲ့တာပါ။ ကုမ္ပဏီအနေနဲ့ OPPO R9 နဲ့ R9 Plus စမတ်ဖုန်းတွေကို ထုတ်လုပ်ပြီး ခြောက်လအကြာမှာ ယူနစ် သန်း၂၀ကျော်ရောင်းချခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ Oppo ဟာ ဒီလိုအောင်မြင်မှုရရှိခဲ့တဲ့ဖုန်းတွေကို ထပ်မံဆန်းသစ်ပြီး အရင်ဖုန်းတွေကို ဆက်ခံတဲ့ Oppo R9s နဲ့ R9s Plus စမတ်ဖုန်း အမျိုးအစားသစ်တွေကို ထပ်မံထုတ်လုပ်လိုက်ပြန်ပါပြီ။

ကုမ္ပဏီအနေနဲ့ လုပ်ဆောာင်ချက်တွေကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က စမ်းသပ်ခဲ့ပါတယ်။ Oppo R9s နဲ့ R9s Plus စမတ်ဖုန်းနှစ်လုံးစလုံးမှာ 16MP ရှိပြီး Sony ရဲ့ IMX 398 ဆင်ဆာ၊ f/1.7 aperture နဲ့ 6p Lens တွေပါဝင်တဲ့ ကင်မရာကို တပ်ဆင်ထားပါတယ်။ Oppo R9s မှာ OIS+ ဆိုတဲ့ စနစ်ကို ထပ်မံထည့်သွင်းထားတာကြောင့် ဗီဒီယိုတွေကို မှုန်ဝါးခြင်းမရှိပဲ ရိုက်ကူးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆင်ဆာအသစ်ဟာလည်း အလင်းပိုမိုရရှိစေနိုင်တဲ့ 2X နဲ့ Focusing ကို ၄၀ရာခိုင်နှုန်း ပိုမိုမြန်ဆန်အောင်ပြုလုပ်ပေးထားပါသေးတယ်။ ကျောဘက်ကင်မရာကတော့ 16 MP ဆဆင်ဆာပါဝင်ပြီး f/2.0 aperture နဲ့ 5p lens တွေကို တပ်ဆင်ထားတာပါ။

Oppo R9s မှာ ၅.၅လက်မအရွယ် Full HD မျက်နှာပြင်နဲ့ဖြစ်ပြီး Oppo R9s Plus ကတော့  ၆လက်မမျက်နှာပြင်ရှိမှာပါ။ ဖုန်းအမျိုးအစားနှစ်မျိုးစလုံးဟာ Gorilla Glass 5 ကိုထည့်သွင်းထာဖြစ်ပါတယ်။ ဘက်ထရီကတော့ Oppo R9s မှာ 3010mAh ဘက်ထရီကို တပ်ဆင်ထားပြီး R9s Plus မှာတော့ 4000mAh ဘက်ထရီကို တပ်ဆင်ထားပါတယ်။ VOOC Flash Charge ကိုထည့်သွင်းထားလို့ ပစ္စည်းအနေနဲ့ နှစ်နာရီသက်တမ်းရရှိဖို့အတွက် ၅မိနစ်သာအချိန်ပေးပြီး အားသွင်းနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

oppo-r9s-and-r9s-plus-2

OS ကတော့ Android 6.0.1 Marshmallow ဖြစ်ပြီး ColorOS3.0 ကို အသုံးပြုထားပါတယ်။ Oppo R9s ဖုန်းဟာ 2.0GHz Snapdragon 625 octa-core processor နဲ့ Adreno 506 GPU နဲ့ 4GB RAM တွေ ပါဝင်မှာ ဖြစ်ပါတယ်။ Oppo R9s Plus ကတော့ Snapdragon 623 Octa-core Processor, 1.95GHz နဲ့ Adreno 510 GPU တို့ပါဝင်တယ်လို့ ဆိုပါတယ်။ နောက်ထပ် Oppo R9s Plus ရဲ့ ထင်ရှားတဲ့ လုပ်ဆောင်ချက်တစ်ခုကတော့ RAM ပမာဏ 6GB ကိုထည့်သွင်း အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးလုံးကို 64GB internal storage နဲ့ ရရှိနိုင်ပြီး MicroSD ကတ်စိုက်မယ်ဆိုရင်လည်း 128 GB အထိ ထည့်သွင်းနိုင်မှာပါ။

Oppo R9 နဲ့ R9 Plus ဖုန်းတွေကို Gold နဲ့ Rose Gold အရောင်အမျိုးအစားတွေနဲ့ ရရှီနိုင်ပြီး အသစ်ထွက် Oppo R9s နဲ့ R9s Plus ဖုန်းတွေကိုတော့ အရောင်အမျိုးအစားတစ်မျိုး ထပ်တိုးပြီး အနက်ရောင်နဲ့ပါ ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဖုန်းမှာ Fingerprint ဆင်ဆာကို Home Button မှာ ထည့်သွင်းထားပါတယ်။ ဖုန်းတွေရဲ့ ဈေးနှုန်းတွေကတော့ Oppo R9s ဖုန်းဟာ ဒေါ်လာ ၄၁၅ ရှိမှာဖြစ်ပြီး R9s Plus ဖုန်းကတော့ ဒေါ်လာ ၅၂၀ ရှိမှာပါ။ ဖုန်းအမျိုးအစားသစ်တွေကို Pre Order အနေနဲ့ မှာယူနိုင်ပြီ ဖြစ်ပြီး ရောင်းချမှုကို လာမယ့် အောက်တိုဘာလ ၂၈ရက်နေ့မှာ တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။


Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com