10/23/2016

♪ Ooredoo Myanmar မှ သုံးစွဲသူများအတွက် ကမ္ဘာကျော် Game Portal တစ်ခုကို မိတ်ဆက် ♫


အူရီဒူးမြန်မာအနေနေ့ အူရီဒူး ဆင်းကတ်အသုံးပြုသူများအတွက် ကမ္ဘာတစ်လွှားမှာ လူကြိုက်များလျက်ရှိတဲ့ Nazara Online Game Portal ကို အောက်တိုဘာ (၂၀) ရက်နေ့က စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပြီး iOS ၊ Android နဲ့ အခြားသော Feature ဖုန်း အားလုံးမှာ အူရီဒူး ဆင်းကတ်ဝန်ဆောင်မှုကိုအသုံးပြုကာ Nazara ပေါ်က ဂိမ်းတွေကို အကန့်အသတ်မရှိ Download ပြုလုပ်နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

Nazara ဟာ ကမ္ဘာတစ်ဝှမ်းရှိ များပြားလှတဲ့ မိုဘိုင်းဖုန်းသုံးစွဲသူတွေနဲ့ မိုဘိုင်းဂိမ်းဝါသနာရှင်တွေအတွက် ရည်ရွယ်ပြီး  အဆင့်မြင့်မိုဘိုင်းဂိမ်းပရိုဂရမ်များ ရေးဆွဲကာ ကမ္ဘာကျော်လူကြိုက်များတဲ့ ဂိမ်းတွေကို ဖြန့်ဖြူးပေးလျက်ရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

Nazara Game Portal ပေါ်ကို အရင်က မြန်မာနိုင်ငံမှ Gamer များ ဝင်ရောက်ဆော့ကစားနိုင်ခြင်းမရှိခဲ့ ပေမယ့် အခုအခါမှာတော့ အူရီဒူး နဲ့ Nazara တို့ဟာ မိတ်ဖက်အဖွဲ့အစည်းအဖြစ် ပူးပေါင်းဆောင်ရွက်လိုက်တဲ့အတွက် မြန်မာနိုင်ငံက အူရီဒူးဆင်းကတ်အသုံးပြုသူတွေကိုလည်း ကမ္ဘာကျော် ထိပ်တန်းဂိမ်းတွေကိုစိတ်တိုင်းကျ ဆော့ကစားနိုင်အောင် ဆောင်ရွက်ပေးလိုက်တာဖြစ်တယ်လို့သိရပါတယ်။

Nazara Game Portal ပေါ်မှာ နေ့စဉ်၊ အပတ်စဉ် နဲ့ လစဉ် စာရင်းသွင်းခြင်း များကို ပြုလုပ်ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး နေ့စဉ် ဝန်ဆောင်ခအဖြစ် တရက်လျှင် (၅၀)ကျပ်၊ အပတ်စဉ် ၀န်ဆောင်ခအဖြစ် တစ်ပတ်လျှင် (၃၀၀) ကျပ် နဲ့ လစဉ်စာရင်းသွင်းခမှာ (၁၀၀၀)ကျပ်ဖြစ်ပါတယ်။ Portal ပေါ်က Game တွေကို Download ရယူခြင်း အတွက် ပုံမှန် ဒေသအသုံးပြုခ သာကျသင့်မှာဖြစ်ပြီး အူရီဒူးမြန်မာရဲ့ Marketing & Comunications Director ဖြစ်သူ ဒေါ်ပွင့်ဆွေဦးက “ကျွန်မတို့ရဲ့ အူရီဒူးသုံးစွဲသူတွေအတွက် ထင်ပေါ်ကျော်ကြားတဲ့ အခြားဂိမ်းပေါ်တယ်တစ်ခုကို ထပ်မံမိတ်ဆက်ပေး လိုက်နိုင်လို့ အလွန်ပဲ ကျေနပ်မိပါတယ်။

ဂိမ်းဆော့ကစားခြင်းဟာ လူတိုင်းရဲ့နေစဉ်ဘဝအတွက် အပန်းဖြေနည်းတစ်ခုပါပဲ။ စမတ်ဖုန်း၊ iPhones နဲ့ feature phones အစရှိတဲ့ မည့်သည့်အမျိုးအစားကိုမဆို သုံးစွဲနေတဲ့ အူရီဒူးသုံးစွဲသူတွေအားလုံးဟာ အခုဆိုရင် အဆိုပါ ကမ္ဘာတစ်လွှား လူကြိုက်များနေတဲ့ ထိပ်တန်းဂိမ်းတွေကို ဆော့ကစားနိုင်တော့မှာပါ “ လို့ ပြောကြားခဲ့ပါတယ်။

အူရီဒူးသုံးစွဲသူများအနေနဲ့ Nazara မှ ဂိမ်းတွေကို Download ရယူဖို့အတွက် http://myanmar.gamesclub.mobi သို့ အူရီဒူး အင်တာနက်နဲ့ ဝင်ရောက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။


Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com