10/22/2016

♪ စွမ်းဆောင်ရည်မြင့် Le Pro 3 စမတ်ဖုန်းနဲ့ အမေရိကန်ဖုန်းဈေးကွက်ကို ထိုးဖောက်တော့မယ့် LeEco ♫


တရုတ်အခြေစိုက်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ LeEco ဟာ မနေ့က ဆန်ဖရန်စစ္စကိုမြို့မှာ ပြုလုပ်ခဲ့တဲ့ မိတ်ဆက်ပွဲမှာ ကုန်ပစ္စည်းအသစ်အများအပြားကို ပြသသွားခဲ့ပြီး၊ အမေရိကန်နည်းပညာဈေးကွက်ထဲကို အရှိန်အဟုန်နဲ့ ထိုးဖောက်ဝင်ရောက်လာပြီဖြစ်ပါတယ်။

LeEco က မိတ်ဆက်သွားတဲ့ ကုန်ပစ္စည်းအသစ်တွေထဲမှာ Le Pro3 ဆိုတဲ့ အရည်အသွေးမြင့်စမတ်ဖုန်းတစ်လုံးလည်းပါဝင်ပြီး၊ သုံးထားတဲ့ပစ္စည်းတွေက အမြင့်စားတွေချည်းဖြစ်ပေမယ့်၊ ဈေးနှုန်းကတော့ ၃၉၉ ဒေါ်လာသာရှိပါတယ်။ Le Pro 3 ကို တရုတ်နိုင်ငံမှာ စက်တင်ဘာလကတည်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး၊ အမေရိကန်နိုင်ငံမှာ ရောင်းချမယ့် ပထမဆုံး LeEco ဖုန်းဖြစ်ပါတယ်။

Le Pro3 ဖုန်းမှာ Google Pixel ဖုန်းအတိုင်း Snapdragon 821 ပရိုဆက်ဆာ၊ ၅.၅ လက်မအကျယ် full-HD မျက်နှာပြင်တို့ပါဝင်ပြီး၊ RAM ကတော့ 4GB နဲ့ အတွင်း storage 64 GB ပါ။

ပိုမိုကောင်းမွန်တဲ့အသံအရည်အသွေးကို ပေးစွမ်းဖို့အတွက် ၃.၅ မီလီမီတာနားကြပ်ပေါကိကို ဖြုတ်ထားပြီး၊ USB-C နားကြပ်ကိုပဲ အသုံးပြုထားတာတွေ့ရပါတယ်။ ကုမ္ပဏီရဲ့ “Continual Digital Lossless Audio” နည်းပညာက ပိုမိုကောင်းမွန်တဲ့ အသံအရည်အသွေးကို ပေးစွမ်းမှာဖြစ်ပါတယ်။

ဒီ့အပြင် Dolby Atmos စပီကာနှစ်လုံးတွဲလည်းပါရှိတာကြောင့် နားကြပ်မပါဘဲ နားထောင်ရင်တောင် ကောင်းမွန်တဲ့အသံထွက်ကို ခံစားနိုင်မှာပါ။

ကိုယ်ထည်ကို နူးညံ့ပြောင်လက်နေတဲ့ brushed metal နဲ့ပြုလုပ်ထားပြီး၊ မှန်အတွက် Goriila Glass ကို အသုံးပြုထားပါတယ်။ ဘက်ထရီအနေနဲ့ 4070mAh ဘက်ထရီပါရှိတာကြောင့် တစ်ခါသွင်းပြီးရင် တစ်ရက်လုံးနီးပါး အေးဆေးသုံးနိုင်မှာပါ။

ကျောကင်မရာကတော့ 16MP ဖြစ်ပြီး၊ ရှေ့ဆယ်လ်ဖီကင်မရာကတော့ 8MP ပါရှိပါတယ်။ Android စနစ်အနေနဲ့ Pixel ဖုန်းမှာ Android 7.1 ဖြစ်ပေမယ့် LePro ကတော့ Android 6.0 ဖြစ်နေတာတစ်ခုပဲ ပြောစရာရှိပါတယ်။

Le Pro3 ရဲ့ အထူးခြားဆုံးအချက်ကတော့ ဈေးနှုန်းဖြစ်ပြီး၊ အမြင့်ဆုံးပစ္စည်းတွေသုံးထားပေမယ့် ဈေးနှုန်းက ၃၉၉ ဒေါ်လာသာရှိတာပါ။ နိုဝင်ဘာ ၂ ရက်နေ့ကစတင်ပြီး၊ အမေရိကန်ပြည်ထောင်စုအတွင်း စတင်ရောင်းချသွားမှာဖြစ်ကာ၊ ဓာတ်ပုံနဲ့ ဗီဒီယိုသိမ်းဆည်းဖို့ storage အကန့်အသတ်မရှိ ၃ လတာ အခမဲ့ရရှိမှာပါ။


Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com