10/22/2016

♪ ၂၇ရက်နေ့မှာ MacBook အသစ်ကို ထုတ်ဖော်ဖို့အတွက် အတည်ပြုလိုက်တဲ့ Apple ♫


သတင်းတွေထွက်ပေါ်ထားသလိုပဲ Apple ဟာ လာမယ့် အောက်တိုဘာလ ၂၇ရက်နေ့မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ Cupertino မြို့မှာပြုလုပ်မယ့် ပွဲအတွက် ဖိတ်စာတွေကို ပို့လိုက်ပြီဖြစ်ပါတယ်။ အဓိကစာသားအနေနဲ့ “hello again” လို့ရေးသားထားတာကြောင့် Mac မော်ဒယ်တွေအတွက် ရည်စူးတယ်ဆိုတာ သိသာထင်ရှားစေခဲ့တာပါ။

Apple အနေနဲ့ “hello” ဆိုတဲ့ စကားလုံးကို ၁၉၈၄ခုနှစ်၊ စတင်မိတ်ဆက်စဉ်အခါကတည်းကရင်း သုံးစွဲခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ ပွဲကို မနက် ၁၀နာရီကနေ နေ့လည် ၁နာရီလောက်ထိ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး MacBook Pro မျိုးဆက်သစ်မော်ဒယ်ကို ထုတ်ဖော်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

macbook-air-pro-update

ကောလာဟလသတင်းတွေအရ MacBook Pro အသစ်ဟာ OLED Touch Control Bar အသစ်တစ်မျိုး ပါဝင်လာမှာ ဖြစ်ပြီး Display အတွက် အမျိုးအစားမတူညီတဲ့ Function Key တွေပါဝင်မှာ ဖြစ်ပါတယ်။ Apple အနေနဲ့ USB-C အပေါက်တွေအားလုံးကို အပြောင်းအလဲလုပ်မယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်ထားပြီး USB တွေအစား Apple ပိုင်ဆိုင်တဲ့ MagSafe ပါဝါကွန်နက်တာတွေကို ထည့်သွင်းထားမှာ ဖြစ်တာကြောင့် အဆိုပါအမျိုးအစားတစ်ခုတည်းကို All-in-one အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းတွေမှန်ကန်မလားဆိုတာကတော့ အောက်တိုဘာ ၂၇ရက်နေ့ ကူပါတီနိုမှာပြုလုပ်မယ့် ပွဲကျရင်အဖြေပေါ်လာမှာပါ။


Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com