10/28/2016

♪ “Lenovo Vibe K5 Plus” ♫


ဈေးနှုန်းသင့်တော်ပြီး စွမ်းဆောင်ရည်မြင့် Lenovo Vibe K5 Plus စမတ်ဖုန်း ဟာဆိုရင်ဖြင့် ကျစ်လျစ်မာကျော ပြီး ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 142×71×8 mm နှင့် မျက်နှာပြင်အကျယ် ၅.၀ လက်မ၊ အလေးချိန်အားဖြင့် 140 grams သာရှိ၍ ပေါ့ပါးခိုင်ခံ့သော ဒီဇိုင်းဖြင့် တည်ဆောက်ထားတယ်လို့ သိရပါတယ်။

K5 Plus စမတ်ဖုန်းဟာ အမြင်အာရုံကို 1080 × 1920 ဖြင့် ထောက်ပံ့ပေးထားပြီး တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆသည် 441 PPI ဖြစ်သည့်အပြင် Multitouch စနစ်တွင်လည်း လက်ချောင်းပေါ်က ထိတွေ့မှုများအတွက် တိကျသော ရွေ့လျားမှုကို ပေးစွမ်းပါတယ်။ Lenovo Vibe K5 Plus စမတ်ဖုန်းတွင် အဓိကကင်မရာမှာ 13MP စွမ်းရည်ရှိ၍ အရှေ့ ကင်မရာတွင် 5MP စွမ်းရည်တို့ပါဝင်ပြီး Dual-LED (dual tone) Flash လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်မှု စွမ်းရည်မှာ 1080p ဖြစ်ပြီး၊ နှုန်းမှာတစ်စက္ကန့်ကို 30frames ဖြစ်ပါတယ်။ မှတ်ဥာဏ်အပိုင်းတွင် 2 GB RAM ၏ ပေါင်းစပ်ထားမှုနဲ့အတူ၊ Internal Storage 16GB ပါဝင်ပါတယ်။

SIM Card နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်သော Dual SIM စမတ်ဖုန်း အမျိုးအစားဖြစ်ပြီး SIM Slot နှစ်ခုလုံးတွင် GSM/ WCDMA မည်သည့် ဆင်းကတ်ကိုမဆို ထည့်သွင်း အသုံးပြုနိုင်ပြီး 4G ကွန်ရက်စနစ် အပြည့်အ၀ ရရှိစေနိုင်တယ်လို့ သိရပါတယ်။ Dolby Atom နည်းပညာဖြင့် စကားပြောသံ များ၊ သီချင်းသံများနှင့် သဘာဝအသံများကို တိကျရှင်းလင်း ထင်သာစွာ နားဆင်နိုင်ပြီး မည်သည့်အသံဖိုင်မျိုးကိုမဆို ပြည့်ဝသောစွမ်းရည်များဖြင့် ခံစားနိုင်မှာဖြစ်ပါ တယ်။

OS အပိုင်းတွင် Android အမျိုးအစား ကိုသုံးနိုင် မှာဖြစ်ပြီး Version မှာ 5.1 ဖြစ်ပါတယ်။ Active Noise Cancellation with Dedicated mic စနစ်လည်း ပါရှိပါတယ်။ Bluetooth Version မှာ 4.1 ဖြစ်ပါ တယ်။ ဘက်ထရီပိုင်းအနေနဲ့ Li-Ion 2600mAh အသုံးပြုထားပြီး အာမခံ (၁) နှစ်ပါဝင်သော Lenovo Vibe K5 Plus သည် အရောင်နှစ်မျိုး ရှိပါတယ်။

<Specification>
Network - GSM/HSPA/LTE
Processor - QC 1.5 & QC 1.2 GHz
Screen - 5 inches
Camera - 13 MP
Storage - 16GB
OS - Android OS, v 5.1
Contact - 01-381129
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com