ဖုန်းတစ်လုံးထဲမှာပဲ Facebook ကို အလုပ်အတွက် အကောင့် တစ်ခု၊ 
ကိုယ်ရေးကိုယ်တာအတွက် အကောင့်တစ်ခု အသုံးပြုချင်ရင် Parallel Space ဆိုတဲ့
 Android App ကို သုံးနိုင်ပါတယ်။ Facebook သာမက Instagram, Snap Chat , 
Facebook Messenger  အပါအ၀င် သင့်ဖုန်းမှ App အားလုံးအတွက် အကောင့် ၂ ခု 
သုံးနိုင်ပါတယ်။ Parallel Space ကို Pattern ဖြင့် ကာကွယ်ထားနိုင်တဲ့ အတွက်
 သင့်အကောင့်များကို ဖွက်ထားနိုင်ပါတယ်။ Google Play Store မှ Apps များကို
 Parallel Space ထဲမှာပဲ Install လုပ်ပြီး အသုံးပြုနိုင်တဲ့  Incognito 
Installation ပါပါတယ်။
Parallel Space ကို ဖုန်းထဲမှာ အင်စတောလုပ်ပြီး ဖွင့်ပါ။ ပထမဆုံး အကြိမ်ဖွင့်ရင် သူ့ရဲ့ စွမ်းဆောင်ချက်များကို ပြသမှာ ဖြစ်ပါတယ်။ ညာမှ ဘယ်သို့ ပွတ်ဆွဲပြီး ကြည့်ပါ။ နောက်ဆုံး စကရင်မှာ Start ကို နှိပ်ပါ။
(၁) နောက်ပေါ်လာတဲ့ စကရင်မှာ ဒုတိယအကောင့် သုံးချင်တဲ့ App ကို ရွေးပါ။ ဥပမာအားဖြင့် Facebook ကို တစ်ချက်နှိပ်ပါ။ ( ပြသထားတဲ့ Apps များအပြင် အခြား Apps များကို ရွေးချယ်ဖို့ More ကို နှိပ်နိုင်ပါတယ်။ )
 
နောက်အဆင့်မှာ Messenger ကိုလည်း Parallel Space ထဲမှာ ထည့်သွင်းဖို့ ပြောမှာပါ။ OK ကို နှိပ်ပါ။
(၂) နောက်အဆင့်မှာ သင့်ရဲ့ ဒုတိယ Facebook အကောင့်ကို Login ၀င်ပါ။
 
သင့်အကောင့်ကနေ Logout လုပ်ပြီး Login ပြန်ဝင်တဲ့အခါမှာ Password အစား လွယ်ကူတဲ့ ဂဏန်းလေးလုံးနဲ့ ၀င်နိုင်အောင် Log In With One Tap မှာ ဂဏန်းလေးလုံး သတ်မှတ်နိုင်ပါတယ်။ မသတ်မှတ်ချင်ရင် Not Now ကို နှိပ်ပါ။
(၃) ပြီးရင်တော့ သင့်ရဲ့ ဒုတိယ Facebook အကောင့်ထဲကို ရောက်ရှိပါပြီ။
 
(၄) Parallel Space ရဲ့ Home Screen အောက်မှ Clone Icon ကို နှိပ်ပြီး ဒုတိယအကောင့်အတွက် Apps များ ရွေးချယ်နိုင်ပါတယ်။ သူ့ရဲ့ ညာဘက်မှ မျက်နှာဖုံးအိုင်ကွန်ကို နှိပ်ရင် Parallel Space ထဲမှာပဲ အင်စတောလုပ်ဖို့ Google Play Store မှ Apps များကို ရှာဖွေနိုင်ပါတယ်။ တစ်နည်းအားဖြင့် Parallel Space ထဲမှာ Apps များကို ဖွက်ပြီး Install လုပ်ထားတာပါ။
 
(၅) ညာဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပါ။ Notificatiions ထဲသွားရင် Parallel Space ထဲမှ Apps များရဲ့ Notification များကို Allow or Block လုပ်နိုင်ပါတယ်။ Password ထဲသွားရင် Parallel Space ကို Pattern ဖြင့် ကာကွယ်ထားနိုင်ပါတယ်။
 
Settings ထဲမှ Swipe into Parallel Space ကို နှိပ်ပါ။ သူ့ကို On ပေးရင် မည်သည့် စကရင်ကို ရောက်နေသည်ဖြစ်စေ ဖုန်းစကရင်ရဲ့ ဘယ်ဘက်အောက်ထောင့် သို့မဟုတ် ညာဘက်အောက်ထောင့်ကနေ အထက်သို့ ၄၅ ဒီဂရီပွတ်ဆွဲပြီး Parallel Space ကို လျှင်မြန်စွာ ဖွင့်နိုင်မှာပါ။
Parallel Space ရဲ့ ဖိုင်အရွယ်အစားဟာ 3.4MB သာရှိပြီး Android 4.0.3 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။ အောက်ပါ Link မှာ ရယူနိုင်ပါတယ်။
Download
  
www.pyaephyo.com