10/21/2016

♪ USB ပေါက်မပါဝင်နိုင်တော့မယ့် Mac အသစ်တွေကို Apple မိတ်ဆက်မည်ဟု သတင်းများထွက်လာ ♫


Apple ရဲ့ စက်တင်ဘာလတုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ Event မတိုင်ခင်ကတည်းက ထွက်ပေါ်ထားတဲ့ သတင်းတွေအတိုင်း ကုမ္ပဏီအအနေနဲ့ လာမယ့် အောက်တိုဘာလ ၂၇ရက်နေ့ကျရင် Cupertion မှာ ပွဲတစ်ပွဲပြုလုပ်ပြီး Mac မျိုးဆက်သစ်ကို မိတ်ဆက်ဖို့ရှိနေတယ်လို့ အမည်မသိတဲ့ သတင်းရင်းမြစ်တစ်ခုအရ သိရပါတယ်။


Apple အနေနဲ့ ကာလရှည် ကောလာဟလတွေထွက်ပေါ်ထားတဲ့ MacBook Pro ကို ပြန်လည်ဆန်းသစ်ပြီး ထုတ်လုပ်လာမယ့် ထုတ်ကုန်အပါအဝင် အမျိုးအစားမတူညီတဲ့ Mac မျိုးဆက်တွေကို မိတ်ဆက်ဖို့ရှိနေတာလည်း ဖြစ်ပါတယ်။ ယခင်ထွက်ပေါ်ထားတဲ့ သတင်းတွေအရ ပစ္စည်းတွေဟာ ကီးဘုတ်ရဲ့ အပေါ်ပိုင်းလောက်မှာ OLED ပါဝင်ဖို့လည်း ရှိနေပြီး ဒါဟာဆိုရင် အသုံးပြုသူပေါ်မူတည်ပြီး Program ပိုင်းတွေကိုလည်း ပြောင်းလဲလာနိုင်တာပါ။


MacBook Pro လိုင်းကို Update လုပ်မယ်ပြီး အသစ်အနေနဲ့ ထုတ်လုပ်မယ်ဆိုတဲ့ သတင်းဟာ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းကရင်း ထွက်ပေါ်ထားတာ ဖြစ်ပါတယ်။ ဒီနေ့မှာ ထွက်ပေါ်ထားတဲ့ သတင်းတွေအရ MacBook Pro မှာ USB ပေါက်ကို ဖျောက်ပြီး MagSafe ဆိုတဲ့ ဆက်သွယ်တဲ့ စနစ်သစ်တစ်ခုကို ထည့်သွင်းအစားထိုး Update လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။


Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com