10/21/2016

♪ " Galaxy Note 7 အား Galaxy S7 Edge ဖြင့် လဲလှယ်နိုင်သလို ပြန်အမ်းငွေလည်းထုတ်ယူနိုင် " ♫


ပြည်တွင်းတွင် Galaxy Note 7 ကိုင်ဆောင်အသုံးပြုနေသူများသည် Galaxy S7 Edge ဖြင့် လဲလှယ်နိုင်ပြီး တန်ဖိုးကွာခြားချက်အတွက် ကျပ် ၅၀၀၀၀ ခန့်တန်ဖိုးရှိ Samsung Original Battery Pack 5200 mAh နှင့် အခြားလက်ဆောင်ပစ္စည်းများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် Galaxy Note 7 ဖုန်းအား ၀ယ်ယူခဲ့သော Samsung Brand Shop တွင် ဆက်စပ်ပစ္စည်းများနှင့်တကွ ပြန်လည်အပ်နှံခြင်းကိုလည်း ပြုလုပ်နိုင်ကာ ဖုန်းစတင်ဝယ်ယူရန်ဆောင်ရွက်ခဲ့သည့် ကမ္ဘောဇဘဏ်ခွဲမှတစ်ဆင့် ပြန်အမ်းငွေအပြည့် ပြန်လည်ထုတ်ယူခြင်းကိုလည်း လုပ်ဆောင်နိုင်မည်ဖြစ်သည်။ မူလ Galaxy Note 7 ဖုန်းကိုင်ဆောင်သူများဖြစ်စေ၊ လဲလှယ်ထားသည့် Galaxy Note 7 ဖုန်းကိုင်ဆောင်သူများဖြစ်စေ ဖုန်းအားပါဝါပိတ်ထားသင့်ပြီး သုံးစွဲနေခြင်းကိုလည်း ရပ်တန့်ကာ မိမိတို့၏ဈေးကွက်အလိုက် Samsung မှ ပေးအပ်သောအစီအစဉ်များကို ရယူသင့်ကြောင်း Samsung မှ တရားဝင်ကြေညာချက် ထုတ်ပြန်ပေးထားကြောင်း သိရှိရသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com