Huawei P9 ကို ၂၀၁၆ခုနှစ် ဧပြီလမှာအင်္ဂလန်နိုင်ငံ၌
စတင်မိတ်ဆက်ခဲ့ပြီးနောက် ဇွန်လမှာတော့မြန်မာနိုင်ငံ၌
မိတ်ဆက်ခဲ့ပါတယ်။မိတ်ဆက်ပြီးချိန်ကနေစပြီး
မြန်မာနိုင်ငံတစ်ဝှမ်းကလူတွေကြားမှာသာမက ကမ္ဘာတစ်ဝှမ်းက
လူတွေကြားမှာပါရပန်းစားခဲ့ပါတယ်။ Leica နဲ့ပူးပေါင်းပြီး ကင်မရာနှစ်လုံးနဲ့ ထုတ်လုပ်ခဲ့တဲ့
Huawei P9 ဟာ ဓါတ်ပုံပညာရှင်တွေ၊ မီဒီယာတွေကြားမှာလည်းအာင်မြင်ခဲ့ပြီး European
Image and Sound Association (EISA) က ချီးမြှင့်တဲ့ ‘European Consumer Smartphone 2016-17’
ဆုကိုလဲ ဆွတ်ခူးရရှိခဲ့ပါတယ်။
Huawei က Huawei P9 ကို အမြင်သစ်တစ်မျိုးဖြစ်တဲ့ P9 Rose Gold ကို
၂၀၁၆ခုနှစ်အာက်တိုဘာလ (၇) ရက်နေ့မှာ စတင်မိတ်ဆက်တော့မှာပါ။ မိတ်ဆက်ပွဲကို ၂၀၁၆ခုနှစ်
အောက်တိုဘာလ (၇) ရက်နေ့မှာ အနုပညာရှင်တွေ၊ Huawei သုံးစွဲသူတွေ၊ မီဒီယာတွေ နဲ့အတူ
နံနက် (၁၀) နာရီကနေ ညနေ (၇) နာရီအထိ ကျင်းပမှာဖြစ်ပြီးဖျာ်ဖြေရေးအစီအစဉ်တွေ၊
ဂိမ်းအစီအစဉ်တွေ၊ P9 Rose Gold စတင်ရောင်းချခြင်း အစီအစဉ်တွေပါဝင်မှာဖြစ်ပါတယ်။
ပွဲသို့လာရောက်သော ပရိသတ်များအနေနဲ့ Huawei ရဲ့ Photo Booth မှာ ဓါတ်ပုံများရိုက်ပြီး
လက်ဆောင်များရယူနိုင်မယ့် အစီအစဉ်များလည်း ပါရှိပါတယ်။ စတင်ရောင်းချတဲ့နေ့မှာ ၀ယ်ယူတဲ့ ၀ယ်ယူသူတွေအနေနဲ့ 10000mAh ပါဝင်တဲ့ Huawei Power Bank၊ Tripod နဲ့ Selfie Stick တို့ပါဝင်တဲ့ Huawei Photography Box တို့ကို ရရှိမယ့်အပြင် ၁၀၉,၀၀၀ ကျပ်တန်တဲ့ Huawei MediaPad T1 7.0 ကို ၅၀,၀၀၀ ကျပ်တည်းနဲ့ ၀ယ်ယူလို့ရမယ့်
အခွင့်အရေးတို့ကိုပါရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ပွဲမှာ ပထမဆုံးဝယ်ယူသူ အယောက် (၅၀) အနေနဲ့
အထက်ပါလက်ဆောင်တွေအပြင် ၂၄လက်မ TV ကို ပါရရှိမှာ ဖြစ်ပါတယ်။
P9 ရဲ့ လှပလွန်းတဲ့ ဒီဇိုင်းဟာ ကမ္ဘာ့ထိပ်တန်းပညာရှင် ဒီဇိုင်နာတွေဆီကနေ အသေးစိတ်
အာရုံစိုက်ပြီးစ့စေ့စပ်စပ် ဖန်တီးပေးခဲ့ကြတဲ့ ရလဒ်ဖြစ်ပြီး သူတို့ရဲ့ ခွန်အားထုတ် စွမ်းဆောင်မှုက
ဆွဲဆောင်မှုအရှိဆုံးဒီဇိုင်းကို ရရှိစေခဲ့တာဖစ်ပါတယ်။ လှပစွဲမက်စရာကောင်းလှတဲ့င်းဆီနဲ့
ရွှေရောင်တို့ပါင်းစပ်ထားတဲ့ Huawei P9 Rose Gold က ဆန်းသစ်ပြီး သုံးစွဲသူတွေကို
ဆွဲဆောင်လျက်ရှိပါတယ်။ ဒီဇိုင်းကလဲ ဆန်းသစ်လှပလှသလို Leica နဲ့ပါင်းစပ်ထားတဲ့ Huawei P9
ကင်မရာရဲ့ ရိုက်ချက်တွေကလဲ မှင်သက်ဖွယ်ကောင်းလှပါတယ်။

အချက်အလက်များ
P9
|
|
ဆိုဒ်
|
အမြင့်: 145mm; အနံ: 70.9mm;
အနက်: 6.95mm; အလေးချိန်: 144g
|
မျက်နှာပြင်
|
5.2” FHD, 2.5D glass
|
CPU
|
Huawei Kirin 955 (64-bit),
Octa-core (4 x 2.5 GHz A72+ 4 x 1.8 GHz A53)
|
Operating System
|
AndroidTM 6.0
|
Emotion UI
|
EMUI 4.1
|
Memory
|
32GB ROM, 3GB RAM
|
ကင်မရာ
|
နောက်ဖက် : 12MP ကင်မရာနှစ်လုံး (Monochrome & RGB)
ရှေ့ဖက်: 8MP
|
ဘက်ထရီ
|
3,000 mAh
|
အရောင်
|
Rose Gold, Prestige Gold, Titanium Gray, Mystic Silver
|
www.pyaephyo.com