10/06/2016

♪ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Google ရဲ့ Pixel နဲ့ Pixel XL ဖုန်းအသစ်နှစ်မျိုး ♫


Google ဟာ မနေ့ညက ဆန်ဖရန်စစ္စကိုမြို့မှာကျင်းပပြုလုပ်သွားခဲ့တဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ Android ပရိတ်သတ်တွေအားလုံး စောင့်မျှော်နေခဲ့တဲ့ Pixel ဖုန်းအသစ်တွေကို စတင်မိတ်ဆက်သွားခဲ့ပါတယ်။

Pixel နဲ့ Pixel XL လို့ အမည်ပေးထားတဲ့ Google စမတ်ဖုန်းအသစ်နှစ်မျိုးကို အရင် Nexus ဖုန်းတွေလို တခြားကုမ္ပဏီက ဟာ့ဒ်ဝဲပိုင်းတာဝန်ယူထုတ်ပေးတာမဟုတ်ဘဲ၊ Google ကိုယ်တိုင် ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမေရိကန်ဆက်သွယ်ရေးကော်မရှင် (FCC) က ထုတ်ပြန်ထားတဲ့ စာရွက်စာတမ်းတွေအရတော့၊ ဒီဖုန်းနှစ်မျိုးလုံးကို HTC ကုမ္ပဏီကပဲ ထုတ်လုပ်ပေးထားတာဖြစ်ကြောင်း သိရပါတယ်။

HTC က ထုတ်ပေးထားတာဖြစ်တာကြောင့် ဒီဇိုင်းပိုင်းမှာ HTC A9 နဲ့ HTC Desire 10 တို့နဲ့ တော်တော်ဆင်နေပါတယ်။ အဆိုပါ HTC ဖုန်းနှစ်မျိုးလုံးကလည်း iPhone နဲ့ ဆင်တာကြောင့် ဒီဇိုင်းကတော့ ထူးခြားမှုသိပ်မရှိဘူးလို့ ဆိုရမှာပါ။

s-aolcdn-com

ဖုန်းရဲ့ ကျောဘက်ကို ဖန်နဲ့ သတ္တုရောစပ်အသုံးပြုထားပြီး၊ လက်ဗွေရာဆန်ဆာက ဖုန်းကျောဘက်မှာဖြစ်ပါတယ်။ ‘G’ ဆိုတဲံ Google လိုဂိုတစ်ခုကိုပဲ ကျောဘက်မှာ ဖော်ပြထားတာတွေ့ရ ပါတယ်။ ကျောကင်မရာကလည်း အပြင်ကို ဖောင်းထွက်နေတဲ့ ဒီဇိုင်းမျိုးနဲ့ မဟုတ်ဘဲ ကိုယ်ထည်နဲ့ တသားတည်းပါပဲ။

pixel_phone_b_silver_uncropped_v4_simplified-0

Pixel နဲ့ Pixel XL ဖုန်းနှစ်မျိုးမှာ အဓိကကွာခြားချက်ကတော့ စခရင်အရွယ်အစားနဲ့ ဘက်ထရီပမာဏဖြစ်ပြီး၊ ‘Pixel’ ဖုန်းက မျက်နှာပြင် ၅ လက်မအကျယ် 1920×1080 pixels AMOLED display နဲ့ဖြစ်ကာ၊ Pixel XL ဖုန်းကတော့ ၅.၅ လက်မအကျယ် 2560×1440 AMOLED display နဲ့ ဖြစ်ပါတယ်။ ဘက်ထရီမှာတော့ Pixel ဖုန်းက 2770mAh ဘက်ထရီဖြစ်ကာ၊ Pixel XL ကတော့ 3450mAh ဘက်ထရီသုံးထားပါတယ်။

screen-shot-2016-10-04-at-12-36-13-pm

Pixel နဲ့ Pixel XL ဖုန်းရဲ့ နောက်တစ်ခုထူးခြားချက်တော့ Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdragon 821 SoC အသုံးပြုထားတာဖြစ်ပါတယ်။ ဈေးကွက်တွင်းမှာ Snapdragon 821 SoC သုံးက သိပ်မရှိသေးတာပါဘူး။
ဖုန်းနှစ်မျိုးလုံးမှာ RAM က 4GG LPDDR4 RAM ၊၊ ဖုန်းတွင်း storage က 32 GB နဲ့ 128GB နှစ်မျိုးဖြစ်ပြီး၊ 64GB မော်ဒယ် မထုတ်ထားတာကို တွေ့ရပါတယ်။
ဒီဖုန်းနှစ်မျိုးလုံးမှာ အဓိကထူးခြားတာကတော့ ကင်မရာလို့ပဲ ဆိုရမှာဖြစ်ပြီး၊ Google ဟာ ဖုန်းကင်မရာအကြောင်းကိုပဲ ပွဲမှာ အချိန်ပေးပြောသွားတာကို တွေ့ရပါတယ်။

pixel_camera

Pixel ဖုန်းရဲ့ ကျောကင်မရာက 12.3MP ၊ f/2.0 ဆန်ဆာနဲ့ဖြစ်ပြီး၊ ကင်မရာအရည်အသွေးစစ်ဆေးမှုဆော့ဖ်ဝဲ DxOMark နဲ့ စစ်ဆေးရာမှာ ရမှတ် ၈၉ မှတ်အထိ ရရှိထားတယ်လို့ သိရပါတယ်။ ( ဒီရမှတ်ဟာ စမတ်ဖုန်းကင်မရာတွေထဲမှာ အများဆုံးရမှတ်ပဲလို့ Google က ဂုဏ်ယူစွာပြောကြားခဲ့ပါတယ်။) Pixel ဖုန်းက ကင်မရာကောင်းကောင်းနဲ့ ဓာတ်ပုံစိတ်ကြိုက်ရိုက်ဖို့အတွက် Google Photos app ကနေ storage အကန့်အသတ်မရှိ ပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဗီဒီယိုရိုက်ကူးရာမှာလည်း 4K ဗီဒီယိုတွေကို 30FPS နဲ့ ရိုက်ကူးနိုင်စွမ်းရှိတယ်လို့ Google က ပြောကြားခဲ့ပါတယ်။
Pixel ဖုန်းတွေဟာ Google ရဲ့ ‘Daydream VR’ platform အဆင်သင့်အသုံးပြုနိုင်တဲ့ ပထမဆုံးစမတ်ဖုန်းတွေဖြစ်သလို၊ Google ရဲ့ မကြာခင်ထွက်ရှိမယ့် Assistant AI ပါဝင်မယ့် ပထမဆုံးဖုန်းတွေလည်း ဖြစ်ပါတယ်။
ဒီ့အပြင် iPhone အသုံးပြုသူတွေကို Android ဘက်ရောက်လာအောင် ဆွဲခေါ်ဖို့အတွက်လည်း ဖုန်းအဟောင်းက ဒေတာတွေကို ဒီဖုန်းဆီ အမြန်ဆုံးလွဲပြောင်းနိုင်မယ့် Quick Switch ဆိုတဲ့ adapter လေးကိုလည်း ဗူးထဲမှာ တပါတည်းထည့်ပေးဖို့ရှိပါတယ်။
USB Type-C သုံးဖြစ်ကာ၊ 3.5mm headphone jack ကိုလည်း သုံးနိုင်ဦးမှာပါ။
ဈေးနှုန်းတွေကတော့ ၅ လက်မအကျယ် 32GB Pixel ဖုန်းကို ၆၄၉ ဒေါ်လာကနေ စပြီး၊ 128GB မော်ဒယ်က ၇၄၉ ဒေါ်လာဖြစ်ပါတယ်။ Pixel XL မှာတော့ 32GB မော်ဒယ်က ၇၆၉ ဒေါ်လာဖြစ်ကာ၊ 128GB ကတော့ ၈၆၉ ဒေါ်လာပါ။
အရောင်အနေနဲ့ အနက်နဲ့ ငွေရောင်နှစ်မျိုးပဲ အဓိကထုတ်မှာဖြစ်ကာ၊ US က Verizon သုံးသူတွေအတွက် “Really Blue” ဆိုတဲံအပြာရောင်မော်ဒယ် သက်သက်ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ယနေ့ပဲ ကြိုတင်အော်ဒါမှာယူနိုင်ပါပြီ။

copy_of_marsail_6up_r6_sm-width-800


Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com