10/06/2016

♪ ပညာသင်ဆဲ နှင့် ဘွဲ့ရပြီးစ လူငယ်များ အတွက် Telenor ရဲ့ အလုပ်သင်ဝန်ထမ်းအစီအစဉ် စတင် ♫


တယ်လီနောမြန်မာလီမိတက် အနေနဲ့ မြန်မာနိုင်ငံအတွင်းက အစိုးရ နဲ့ ပုဂ္ဂလိကကျောင်းများမှာ ပညာသင်ကြားနေဆဲ (သို့မဟုတ်) ဘွဲ့ရပြီးစ ကျောင်းသူကျောင်းသားတွေအတွက် အလုပ်သင် ဝန်ထမ်းအစီအစဉ်ကို ယခုသီတင်းပတ်မှာ စတင်လိုက်ပြီဖြစ်တယ်လို့သိရပါတယ် ။

တယ်လီနောအနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ပြည်တွင်းရှိတက္ကသိုလ်များမှာ အစီအစဉ်အကြောင်း အသေးစိတ်ရှင်းလင်းပြောကြားမှုများပြုလုပ်ခဲ့ ပြီး လျှောက်ထားသူစုစုပေါင်း (၂၀၀) ရှိတဲ့အနက် (၂၆) ယောက် သာ တယ်လီနောရဲ့ ပထမဆုံး အလုပ်သင်အစီအစဉ်မှာ ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ် ။

အလုပ်သင်ဝန်ထမ်းအဖြစ် လျှောက်ထားကြသူတွေကတော့ နည်းပညာတက္ကသိုလ်(သန်လျင်)၊  ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)၊ အမျိုးသား စီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ Myanmar Imperial College နှင့် Human Resource Management Institute တို့မှဖြစ်ပြီး ၄င်းတို့အနေနဲ့  တယ်လီနောရဲ့ လုပ်ငန်းကဏ္ဍများဖြစ်တဲ့ လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာရေး၊ စီးပွားရေးလည်ပတ်မှု၊ နည်းပညာ၊ သင်ယူလေ့လာရေး၊ ဈေးကွက်ရှာဖွေရေး၊  ကော်ပိုရိတ်ဆိုင်ရာ ဆက်သွယ်ရေး ကဏ္ဍများမှာ ဝင်ရောက် သင်ယူ လုပ်ကိုင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ် ။

တယ်လီနောက အလုပ်သင်ဝန်ထမ်များအား ၎င်းတို့၏သက်ဆိုင်ရာ အလုပ်ခွင်များသို့ မဝင်ရောက်မီ သိသင့်သည် များကို ရှင်းလင်းပြောကြားသည့်အနေဖြင့် ၃  ရက်ကြာ အလုပ်ခွင် မိတ်ဆက်အစီအစဉ်ကို ပြုလုပ်ပေးခဲ့ပြီး အဆိုပါ အစီ အစဉ်မှာ တယ်လီနော လုပ်ငန်းစုနဲ့  တယ်လီနောရဲ့ အလုပ်လုပ်ကိုင်သည့် နည်းစနစ်များကို မိတ်ဆက်ပြောကြားခြင်း၊ လုပ်ငန်းဆိုင်ရာကျင့်ဝတ်စည်းမျဉ်းအကြောင်း နဲ့ လုပ်ငန်းခွင်အတွင်း အချက်အလက်လုံခြုံမှု ရေးရာများကို ရှင်းလင်း ပြောကြား ပေးခဲ့ပါတယ် ။

ဒါ့အပြင် အလုပ်သင်ဝန်ထမ်းများအနေနဲ့ အဆိုပါအလုပ်သင်အစီအစဉ်ကာလ အတွင်းမှာ သင်ယူ လေ့လာနိုင်မယ့် အခွင့်အရေးများနဲ့ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများကိုပါ ရရှိအောင် ဆောင်ရွက်သင့် သည် များကို လမ်းညွှန်ပေးခဲ့တယ်လို့သိရပါတယ် ။


Credit to ==> Digital Times
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com