8/07/2016

♪ ဖုန်းမော်ဒယ်အသစ်အတွက် အသုံးပြုသူတွေထံကနေ ဒီဇိုင်းအိုင်ဒီယာတွေ တောင်းခံလျက်ရှိတဲ့ ZTE ♫


တရုတ်အီလက်ထရောနစ်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ZTE ဟာ နောက်ထပ်ထုတ်မယ့် ဖုန်းမော်ဒယ်အသစ် တစ်ခုအတွက် အသုံးပြုသူတွေထံကနေ ဒီဇိုင်းအိုင်ဒီယာတွေ တောင်းခံထားလျက်ရှိပါတယ်။

ZTE ဟာ အသုံးပြုတွေအတွက် ကိုယ်ပိုင်အိုင်ဒီယာတွေတင်သွင်းဖို့နဲ့ တခြားလူတွေရဲ့ ဒီဇိုင်းတွေကို မဲပေးနိုင်မယ့်ဝက်ဘ်ဆိုဒ်တစ်ခု ကိုလည်း လွှင့်တင်ထားပြီဖြစ်ပြီး၊ မည်သူမဆိုသွားရောက်အကြံပြုနိုင် ပါတယ်။

လက်ရှိတင်သွင်းထားတဲ့ဒီဇိုင်းတွေထဲမှာ နေရောင်ခြည်စွမ်းအင်သုံးကိုယ်ထည်၊ ၃၆၀ ဒီဂရီလှည့်နိုင်တဲ့ ဒုတိယမျက်နှာပြင်၊ ကီးဘုတ်တို့ ဂိမ်းခလုတ်တို့နဲ့ ချိတ်ဆက်နိုင်တဲ့ မော်ဂျူလာဒီဇိုင်း စသဖြင့် အမိုက်စားအိုင်ဒီယာတွေ တွေ့မြင်နေရပါတယ်။

ZTE ဟာ လူထုအိုင်ဒီယာသုံးစမတ်ဖုန်းကို ၂၀၁၇ ခုနှစ်မှာ ထုတ်သွားမှာဖြစ်ကြောင်းလည်း ကတိကဝတ်ပြုထားပါတယ်။

ယခုအစီအစဉ်ကို Project CSX လို့ အမည်ပေးထားပြီး၊ ဇန်နဝါရီလတုန်းက လတ်စ်ဗေးဂတ်စ်မှာပြုလုပ်တဲ့ CES ပြပွဲမှာ စတင်ကြေငြာခဲ့တာဖြစ်ပါတယ်။

ဒီဇိုင်းတင်သွင်းမှုတွေကိုတော့ သြဂတ်စ်လ ၃ ရက်နေ့မှာ တရားဝင်လက်ခံခဲ့တာဖြစ်ပြီး၊ ယခုအခါ ဝက်ဘ်ဆိုဒ်မှာ လူထုကပေးအပ်ထားတဲ့အိုင်ဒီယာတွေ ဆက်တိုက်ဆိုသလို ဝင်ရောက်လျက်ရှိပါတယ်။

ဒါပေမယ့် လက်တွေ့မကျတဲ့အိုင်ဒီယာတွေကို ကန့်သတ်ထိန်းချုပ်ဖို့အတွက် စည်းမျဉ်းစည်းကမ်းအချို့ကိုလည်း ZTE ကုမ္ပဏီက ချမှတ်ထားပါတယ်။

“ ပြိုင်ပွဲတိုင်းမှာ စည်းမျဉ်းစည်းကမ်းတွေရှိရမှာပေါ့။ အဓိကအရေးကြီးဆုံးအချက်ကတော့ ထွက်လာမယ့် စမတ်ဖုန်းထုတ်ကုန်ဟာ ZTE ရဲ့ ရည်မှန်းချက်တွေနဲ့ ကူညီရပါမယ်။ မိုဘိုင်းပစ္စည်းတစ်ခုဖြစ်ကာ၊ ၂၀၁၇ ခုနှစ်ထုတ်ဖို့ နည်းပညာပိုင်းအရဖြစ်နိုင်ရမှာဖြစ်ပြီး၊ အများစု ဝယ်ယူနိုင်မယ့်ဖုန်းလည်းဖြစ်ရပါမယ်” လို့ ZTE ရဲ့ နည်းပညာအစီအစဉ်ရေးဆွဲမှု ဒုဥက္ကဌဖြစ်သူ Jeff Yee က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ Huawei ပြီးနောက် ဒုတိယမြောက်အကြီးဆုံးဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ ZTE ရဲ့ နောက်လာမယ့်စမတ်ဖုန်းမော်ဒယ်အသစ်က ဘယ်လိုဒီဇိုင်းနဲ့ ထွက်ရှိလာမလဲဆိုတာကတော့ ရင်ခုန်ဖွယ်ရာစောင့်ကြည့်ရမှာဖြစ်ပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com