8/09/2016

♪ “ZTE Zmax Pro” ♫


ZTE Zmax Proက မျက်နှာပြင်ကျယ်ကျယ်နဲ့ HD ဗီဒီယိုတွေကို အကောင်းဆုံး ကြည့်ရှုစေနိုင်ပြီး ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံလေးတွေကိုလည်း ရိုက်ကူး နိုင်ပါတယ်။ ဒီဖုန်းဟာမကြာခင် သုံးစွဲသူတွေလက်ထဲရောက်ရှိလာ တော့မှာ ဖြစ်ပြီးလှပခန့်ညားတဲ့ အမည်းရောင်တစ်မျိုးတည်းကိုသာထုတ်လုပ်ပေးထား ပါတယ်။

GSM, HSPA နဲ့ LTE network တွေမှာအသုံးပြုနိုင်မှာ ဖြစ်ပြီး 165.1×83.8× 8.9 mm အရွယ်အစားရှိကာ6.17 ozလေးပါတယ်။ Display က IPS LCD Capacitive Touchscreen အမျိုးအစားဖြစ်ပြီးမျက်နှာပြင် ၆ လက်မ အကျယ်ရှိပြီး1080×1920 pixels ပမာဏကိုထောက်ပံ့ပေးထား တာကြောင့် ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းတွေကိုရှင်းရှင်းလင်းလင်း တွေ့မြင် နိုင်မှာပဲဖြစ်ပါတယ်။ မျက်နှာပြင်ကိုအကြမ်းခံနိုင်အောင် Corning Gorilla Glass 3 နဲ့ ဖုံးအုပ်ကာကွယ်ပေးတဲ့အတွက် ပြုတ်ကျမှုဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိပါတယ်။

ဒါ့အပြင် Multitouchစနစ်ပါရှိတာကြောင့် မျက်နှာပြင်ကို လက်ချောင်းတစ်ချောင်းထက်မကတစ်ပြိုင်နက်တည်းထိန်းချုပ်မှုတွေပြုလုပ် နိုင်ပါတယ်။ အနောက်ကင်မရာက13MP Resolution အရည်အသွေးရှိပြီး အရှေ့ကင်မရာငယ်ကတော့ 5 MP သာပါရှိပါတယ်။ Internal Memory 32 GB ကိုပံ့ပိုးပေးထားတဲ့အပြင် Micro SD Card ကို256GB အထိထပ်မံစိုက်ထည့်သုံး နိုင်ပါတယ်။ RAMကတော့ 2GB ပါရှိပါတယ်။

Qualcomm MSM8952 Snapdragon 617 ဆိုတဲ့ Chipset အမျိုးအစားကိုထည့်သွင်းပေးထားပြီးNon-removable Li-Ion 3400 mAhဘက်ထရီကိုထောက်ပံ့ပေးထားပါတယ်။ ၎င်း ဘက်ထရီကြောင့် နာရီပေါင်း (၂၅)နာရီကြာဖုန်းဆက်တိုက်ပြောဆိုနိုင်ပါ တယ်။

<Specification>
Network - GSM/HSPA/LTE
CPU - QC1.5 GHz Cortex-A53 &
QC 1.0 GHz Cortex-A53
Memory - 32 GB
OS - Android OS, v6.0 (Marshmallow)
Bluetooth - v4.1, A2DP, LE
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com