8/07/2016

♪ “Xiaomi က Mi Notebook Air ကိုမိတ်ဆက်” ♫


Xiaomi က Mi Notebook Air အမည်ရလက်တော့များကိုမိတ်ဆက်လိုက်ပါ တယ်။ အရွယ်အစား ၂ မျိုးထုတ်လုပ်ပေးထားပြီး ၁၃.၃ လက်မနဲ့ ၁၂.၅ လက်မတို့ ဖြစ်ပါတယ်။ ၂ မျိုးစလုံးမှာ သတ္တုကိုယ်ထည်များတပ်ဆင်ထားပြီး Full HD Display များ ဖြစ်ကြပါတယ်။ ၁၃.၃ လက်မမော်ဒယ်ဟာ Apple MacBook Pro Series များနဲ့ ဆင်တူကြပါတယ်။

၁၃.၃ လက်မမော်ဒယ်မှာ ၁၄.၈ မီလီမီတာအထူရှိပြီး ၁.၂၈ ကီလိုဂရမ် အလေးချိန်ရှိပါတယ်။ Intel Core i5-6200U, 8GB DDR4 RAM , 256GB PCle SSD Storage ထည့်သွင်းထားပါ တယ်။ 1GB NVIDIA GeForce 940MX GPU နဲ့ 40W Battery Pack တပ်ဆင် ထားပါတယ်။ ၉.၅ နာရီကြာအသုံးခံပါတယ်။ လျင်မြန်စွာအားသွင်းနိုင်တဲ့ USB Type-C Charger ပါရှိပြီး ၃၀ မိနစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားသွင်းပေး နိုင်ပါတယ်။

 စွမ်းရည်ထက် ပေါ့ပါးသယ်ယူရလွယ်ကူမှုကို နှစ်သက်လျှင် ၁၂.၅ လက်မမော်ဒယ်ကိုရွေးချယ်နိုင်ပါတယ်။ ၁.၀၇ ကီလိုဂရမ်သာရှိပါတယ်။ Intel Core m3, 4GB RAM, 128GB SATA SSD တို့သာထည့်သွင်းထားသဖြင့် ၁၃.၃ လက်မထက် စွမ်းရည်နိမ့်ပါတယ်။ သီးခြား GPU မပါဘဲ Ports များကို လည်းလျှော့ချထားပါတယ်။

၁၃.၃ လက်မမှာလို USB 3.0 Port ၂ ခုမပါဘဲ တစ်ခုသာထည့်သွင်းထားပါတယ်။ ဘက်ထရီသက်တမ်းမှာ ၂ နာရီသာအသုံးခံ ပါတယ်။ ဈေးနှုန်းမှာ Apple Laptop များထက် သိသာစွာလျော့နည်းပါတယ်။ ၁၃.၃ လက်မကိုဒေါ်လာ ၇၅၀ ၊ ၁၂.၅ လက်မကိုဒေါ်လာ ၅၂၀ သတ်မှတ် ထားပါတယ်။ Mi Notebook Air များဟာအလွန်ပေါ့ပါးတဲ့ ၀င်းဒိုးလက်တော့ ဈေးကွက်မှာယှဉ်ပြိုင်မှာပါ။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com