8/13/2016

♪ Wi-Fi only mode နဲ့ SD card save တဲ့ လုပ်ဆောင်ချက်တွေပါဝင်လာတဲ့ Google Maps ♫


Google Maps Blog ရဲ့ နောက်ဆုံး ဖော်ပြထားတဲ့ Post အရ ယခုထွက်ရှိလာမယ့် Android အတွက် Google Maps App Beta Version မှာ လုပ်ဆောင်ချက် အသစ်နှစ်ချက် ထပ်မံထည့်သွင်းပေးလိုက်ပါတယ်။

Blog မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ အသုံးပြုသူတွေအနေနဲ့ Data နဲ့ မဟုတ်ပဲ offline ဆိုရင် Wi-Fi နဲ့သာအသုံးပြုလို့ရမယ့် Wi-fi only mode ပါဝင်လာပြီး နောက်တစ်ခုကတော့ ကိုယ့်ရဲ့ Local Map ကို SD ကတ်ထဲမှာ မှတ်သားထားနိုင်တော့မှာဖြစ်ပါတယ်။

Wi-Fi only mode မှာ သင့်အနေနဲ့ ကိုယ့်ရဲ့ offline area သတ်မှတ်ထားတဲ့ နေရာတွေမှာပဲရှိနေလို့ Data မသုံးချင်ဘူးဆိုရင် သင့်အနေနဲ့ Wi-Fi only Mode ကိုပြောင်းပြီး Wi-Fi ဒေတာနဲ့သာ Map ကိုအလုပ်လုပ်နိုင်အောင် ကန့်သတ်ထားလို့ ရပါတယ်။

google-map1

မိမိဖုန်းရဲ့ Internal Storage ဟာ နဂိုပါရင်းစွဲအနေနဲ့ နည်းပါးလှတာကြောင့် ကိုယ့်ရဲ့ Offline Map ကို Internal Storage ထဲမှာ မသိမ်းထားချင်ဘူးဆိုရင် သင့်အနေနဲ့ သင့်ရဲ့ အပိုထည့်ထားတဲ့ SD ကတ်ထဲမှာ ထည့်သွင်းအသုံးပြုနိုင်တော့မှာပါ။

google-maps1

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com