8/21/2016

♪ Snapdragon 625 SoC နဲ့ 16-Megapixel ကျောကင်မရာပါ Huawei G9 Plus ကို စတင်မိတ်ဆက် ♫


Huawei ဟာ မြန်မာငွေ ၄ သိန်းကျော်တန်ဖိုးရှိတဲ့ စမတ်ဖုန်းမော်ဒယ်အသစ်တစ်လုံးကို ကြာသပတေးနေ့က တရုတ်နိုင်ငံမှာ စတင်ရောင်းချခဲ့ပါတယ်။ RAM 3GB နဲ့ ဖုန်းတွင်း storage 32 GB ပါတဲ့မော်ဒယ်ကို ယွမ်ငွေ ၂၃၉၉ ( မြန်မာငွေ ၄ သိန်း ၃ သောင်းဝန်းကျင်) ရှိပြီး၊ RAM 4GB နဲ့ ဖုန်းတွင်း storage 64GB ပါတဲ့ မော်ဒယ်ကိုတော့ ဈေးနှုန်းမကြေငြာရသေးပါဘူး။

Huawei G9 Plus လို့ မော်ဒယ်နာမည်ပေးထားတဲ့ စမတ်ဖုန်းအသစ်ဟာ လွန်ခဲ့တဲ့လက ထုတ်သွားခဲ့တဲ့ Huawei Maimang 5 ဖုန်းနဲ့ တထေရာတည်းနီးပါး တူညီပြီး၊ ကျနော်တို့ ခန့်မှန်းထားတဲ့အတိုင်း Maimang 5 ကို တရုတ်ပြည်ပြင်ပဈေးကွက်အတွက် နာမည်ပြောင်းထုတ်ခြင်းပဲဖြစ်ပါတယ်။

ဈေးနှုန်းအရလည်း Maimang 5 နဲ့ တူသလို၊ storage မော်ဒယ်ချင်းလည်း တူညီတဲ့ G9 Plus ဟာ SIM နှစ်ကတ်သုံးဖုန်းဖြစ်ပြီး၊ Android 6.0 Marshmallow စနစ်အခြေခံ ကုမ္ပဏီရဲ့ EUI 4.1 ကို အသုံးပြုထားပါတယ်။ ဖုန်းမျက်နှာပြင်အကျယ်ကတော့ ၅.၅ လက်မဖြစ်ပြီး၊ full-HD (1080×1920 pixels) IPS LCD မျက်နှာပြင်ဖြစ်ပါတယ်။

Pixel ပါဝင်မှု 401ppi အထိရှိတာကြောင့် ရုပ်ထွက်ပိုင်းက ကြည်လင်ပြတ်သားမှုကို ပေးစွမ်းနိုင်မှာပါ။ 2GHz octa-core Snapdragon 625 SoC နဲ့ လည်ပတ်မှာဖြစ်ပြီး၊ RAM က 3GB နဲ့ 4GB ဆိုပြီး နှစ်မျိုးရရှိမှာပါ။ G9 Plus ဟာ ကင်မရာအသားပေးထားတဲ့ဖုန်းတစ်လုံးဖြစ်တာကြောင့် ပရိုဆက်ဆာကတော့ အမြင့်ဆုံးမဟုတ်ပါဘူး။

ကင်မရာပိုင်းမှာတော့ PDAF ၊ OIS ၊ LED ဖလက်ရှ်မီးနှစ်လုံးတွဲ ပါဝင်တဲ့ 16-MP ကျောကင်မရာ ပါရှိပြီး၊ ရှေ့ကင်မရာကတော့ 8-MP ဖြစ်ပါတယ်။ ဒေတာသိမ်းဆည်းမှုအတွက် microSD ကတ်လည်း 128GB အထိ ထပ်စိုက်နိုင်မှာဖြစ်ပါတယ်။

ကွန်ရက်ချိတ်ဆက်မှုအပိုင်းမှာတော့ 4G ၊ Wi-Fi 802.11 b/g/n ၊ Bluetooth 4.1 ၊ USB Type-C  တို့ အသုံးပြုနိုင်ပါတယ်။ ကျောဘက်မှာ လက်ဗွေရာဆန်ဆာပါရှိပြီး၊ ဘက်ထရီကတော့ 3340mAh ဘက်ထရီပါ။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com