8/21/2016

♪ Galaxy Note 7 မှာအသုံးပြုထားတဲ့ Gorilla Glass 5 က ကွဲဖို့ ခဲယဉ်းပေမယ့် ခြစ်ရာအထင်လွယ်ကြောင်း စမ်းသပ်တွေ့ရှိ ♫


Samsung ရဲ့ Galaxy Note 7 စမတ်ဖုန်းဟာ Corning ရဲ့ မှန်သားအသစ် Gorilla Glass 5 ကို ပထမဆုံး အသုံးပြုထားတဲ့စမတ်ဖုန်းဖြစ်ပါတယ်။ Gorilla Glass 4 ထက် ပိုကောင်းလာတာက Glass 5 ဟာ ပြုတ်ကျမှုခံနိုင်ရည်ရှိတဲ့ အမြင့်ပေပိုများသွားပြီး၊ လူတစ်ရပ်လောက်ကတောင် အေးဆေးပစ်ချလို့ ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စိတ်မကောင်းစရာပဲ အကြမ်းခံတယ်လို့နာမည်ကျော်တဲ့ Gorilla Glass 5 ဟာ ပိုမိုနူးညံ့ပျော့ပျောင်းတဲ့ မှန်သားကို အသုံးပြုထားတာကြောင့် ခြစ်ရာထင်းရာတွေကိုတော့ သိပ်ခံနိုင်ရည်မရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့ရပါတယ်။

gsmarena_001

အကြမ်းခံစမ်းသပ်မှုတွေမှာ နာမည်ကျော်တဲ့ Youtuber တစ်ဦးဖြစ်သူ JerryRigEverything က ပြုလုပ်ခဲ့တဲ့ အကြမ်းခံစမ်းသပ်မှုမှာ Note 7 ဟာ ခြစ်ရာတွေ အထင်လွယ်ကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Gorilla Glass 4 ဟာ မာကျောမှုသတ်မှတ်ချက်အဆင့် (Mohs’ scale) မှာ အဆင့် ၆ အထိရရှိထားပေမယ့်၊ Gorilla Glass 5 မျက်နှာပြင်ကတော့ အဆင့် ၃ နဲ့ တင် ခြစ်ရာအထင်လွယ်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ (Mohs scale မှာ အများဆုံးအဆင့်က ၁၀ ဖြစ်ပါတယ်)

ဒီအဆင့်သတ်မှတ်ချက်အတိုင်းသာဆိုရင် Galaxy Note 7 ဟာ ကျနော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ်တွေ့မြင်နေရတဲ့ သံ၊ စတီး၊ ကြေး၊ နီကယ် ၊တခြားမှန်သား စတာတွေနဲ့ ပွတ်တိုက်မိမယ်ဆိုရင် ခြစ်ရာ ထင်ကျန်ခဲ့နိုင်ခြေရှိပါတယ်။


ဒီအတွက်ကြောင့် Galaxy Note 7 ကိုင်မယ်ဆိုရင်တော့ ခြစ်ရာအလွယ်တကူမထင်ချင်ဘူးဆိုရင်၊ အပေါ်ကနေ မှန်ကပ်လေးအုပ်ထားဖို့ အကြံပေးပါရစေ။

Galaxy Note 7 ဖုန်းတင်မဟုတ်ဘဲ၊ နောက်ထွက်မယ့် Gorilla Glass 5 သုံး ဖုန်းတိုင်းမှာ အခုလို ခြစ်ရာအလွယ်တကူထင်နိုင်တာကြောင့် သတိထားရမှာဖြစ်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com