8/01/2016

" Samsung မှ Galaxy Tab S3 ကို စက်တင်ဘာ ၁ ရက်တွင်ပြသနိုင်"


Samsung ၏ Galaxy Tab S2 သည် မကြာမီမျိုးဆက်သစ်ထွက်ရှိလာရန် ခန့်မှန်းလျှက်ရှိကြသည်။ Samsung သည် Galaxy Tab S3 ကိုထုတ်လုပ်ရန် ပြင်ဆင်လျှက်ရှိပြီး စက်တင်ဘာ ၁ ရက် ပွဲနှင့်အတူမြင်ရမည်ဟု သတင်းထွက်ခဲ့သည်။

သို့သော် အခြားသတင်းတစ်ရပ်ကမူ စက်တင်ဘာ ၁ရက်နေ့တွင် Galaxy Tab S3 ထက်စာလျှင် Gear S3 စမတ်နာရီကိုမြင်ရရန် ပိုမိုနီးစပ်ကြောင်း ဆိုထားသည်။ သို့သော် ထိုပစ္စည်းနှစ်မျိုးစလုံးအား ပြသခြင်းမရှိဟုလည်း မဆိုနိုင်ချေ။ ၂၀၁၆ ဒုတိယနှစ်ဝက်အတွက် ကြီးမားသော ထုတ်လုပ်မှုအဖြစ် Samsung သည် သြဂုတ်လ ၂ရက်တွင် Galaxy Note 7 ကို ပြသသွားရန်ရှိနေသည်။ 

ထိုပွဲတွင် လူများ အာရုံရောထွေးမှုမရှိစေရန် devices အများအပြားပြသခြင်းမရှိနိုင်ဟု ခန့်မှန်းရပြီိး devices အသစ်များအတွက် အချိန်တစ်ခုခြားထားလိမ့်မည်ဟု ယူဆနိုင်သည်။ ထို့ကြောင့် စက်တင်ဘာ ၁ရက်ပွဲတွင် Tab S3 နှင့် Gear စမတ်နာရီနှစ်မျိုးစလုံးကို ပြသသွားမည့်သတင်းသည် လက်ရှိတွင်မှန်ကန်ရန် ရာခိုင်နှုန်းများလျက်ရှိသည်။

အထူးသဖြင့် Tab S2 သည် ယမန်နှစ်ဇူလိုင်နှင့် Gear S2 သည် သြဂုတ်တို့တွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ရာ မျိုးဆက်သစ်များ ထွက်ရမည့်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ Note 7 ပွဲအပြီးတွင် Tab S3, Gear S3 တို့နှင့်ဆိုင်သော ပေါက်ကြားမှုများ ပိုမိုတွေ့လာရန် မျှော်လင့်နိုင်သည်။

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com