တန်ဖိုးသင့် Galaxy Tab J အား တက်ဘလက်တစ်လုံးကဲ့သို့သာမက စမတ်ဖုန်းတစ်လုံးအဖြစ်ပါ သုံးစွဲနိုင်
လူကြိုက်များ၍ ရောင်းအားကောင်းသော တက်ဘလက်များ ရောင်းချမှုတွင် အောင်မြင်လျက်ရှိသည့် Samsung Electronics Co., Ltd သည် Galaxy တက်ဘလက်မျိုးဆက်သစ်ဖြစ်သော Galaxy Tab J အား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေငြာလိုက်သည်။

Samsung ၏ နောက်ဆုံးပေါ် Galaxy Tab J သည် သုံးစွဲသူများအတွက် စမတ်ဖုန်းများအပြင် တစ်ဆက်တည်း ပိုမိုတိုးချဲ့အသုံးပြုနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဒီဇိုင်းပြုလုပ်ဖန်တီးထားခြင်းဖြစ်သည်။ အဆိုပါ တက်ဘလက်ကို သုံးစွဲသူများအနေဖြင့် ဖုန်းခေါ်ဆိုမှုများ လက်ခံရရှိရန် နှင့် စာတိုမက်ဆေ့ခ်ျပေးပို့မှုများအား ပြုလုပ်နိုင်ရန် ဆင်းမ်ကဒ် နှစ်ကဒ်အား ထည့်သွင်းအသုံးပြုနိုင်ပြီး တစ်ပြိုင်တည်းမှာပင် 4G ကွန်ယက်အား ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။

Galaxy Tab J တွင် ၇ လက်မမျက်နှာပြင်အရွယ်အစားရှိ WXGA TFT display အားထည့်သွင်းပေးထားပြီး  1.5 GHz quad core processor နှင့်အတူ 1.5 GB RAM ပါရှိပြီး တက်ဘလက်တွင်းမှတ်ဥာဏ်အနေဖြင့် 8GB ပါဝင်ကာ micro SD card slot ထည့်သွင်းပေးထားသောကြောင့် 200 GB အထိ တိုးမြှင့်အသုံးပြုနိုင်မည်ဖြစ်သည်။ 4000 mAh အရွယ်အစားရှိ ဘက်ထရီသည် သုံးစွဲသူများအား  ၉ နာရီ ကြာဆက်တိုက် အသုံးပြုစေနိုင်မည် ဖြစ်သောကြောင့် ကျေနပ်နှစ်သက်မှု ရရှိစေမည်ဖြစ်သည်။

“Galaxy Tab J ကိုသုံးစွဲသူတွေအနေနဲ့ ဖုန်းထဲကနေ ဆင်းမ်ကဒ်ကိုထုတ်ပြီး ဒီတက်ဘလက်ထဲကို ထည့်ခြင်းဖြင့် သွားရင်းလာရင်း 4G ကွန်ယက်ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်ရုံသာမကဘဲ ဖုန်းခေါ်မှုတွေကို လက်ခံတာနဲ့ စာတိုမက်ဆေ့ခ်ျပေးပို့မှုတွေကိုလည်း ပြုလုပ်နိုင်ပါပြီ။” ဟု Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည်ဝင်းထက်မှ ပြောကြားသည်။

Galaxy Tab J သည် ချိတ်ဆက်မှုပိုင်းဆိုင်ရာတွင် A-GPS၊ Wi-Fi 802.11 b/g/n၊ Bluetooth 4.0 နှင့် FM Radio တို့ပါရှိပြီး Android 5.1Lollipop နှင့်အတူ နောက်ဆုံးထွက် ဗားရှင်းသစ် Samsung TouchWiz ကိုလည်း ထည့်သွင်းပေးထားသည်။

“အသစ်ထွက်ရှိလာတဲ့ ဒီ Galaxy တက်ဘလက်ကို ထူးခြားပြီး လုံးဝန်းတဲ့ အနားသတ်ဘေးဘောင်နဲ့အတူ ပါးလွှာပြီး သယ်ဆောင်ရလွယ်ကူတဲ့ ဒီဇိုင်းနဲ့ပြုလုပ်ဖန်တီးထားပါတယ်။ အနောက်ဘက် cover ကိုလည်း ကျော့ရှင်းလှပပြီး လိုက်ဖက်ညီတဲ့ ဒီဇိုင်းနဲ့အတူ လက်ထဲမှာလည်း မြဲမြံစွာကိုင်တွယ်နိုင် မှာဖြစ်တဲ့အတွက် လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ တက်ဘလက်အနေနဲ့သာမကဘဲ မျက်နှာပြင်ကြီး စမတ်ဖုန်းတစ်လုံးအနေနဲ့ပါ အသုံးပြုလိုသူတွေအတွက် တန်ဖိုးသင့်တင့်တဲ့ အကောင်းဆုံးရွေးချယ် မှုတစ်ခု ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟု ကိုဇာနည်ဝင်းထက်မှဖြည့်စွက်ပြောကြားခဲ့သည်။

Samsung ၏ အခြားသော Galaxy တက်ဘလက် အမျိုးအစားများနည်းတူ Galaxy Tab J တွင် ကလေးငယ်များနှင့် မိဘများလွယ်ကူစိတ်ချစွာ အသုံးပြုနိုင်စေမည့် Kid Mode အား ထည့်သွင်းပေးထားသည်။ အဆိုပါ Kid Mode ကြောင့် မိဘများအနေဖြင့် အထူးသီးသန့်ထည့်သွင်းပေးထားသော ပညာရေးဆိုင်ရာနှင့် ဖျော်ဖြေမှုဆိုင်ရာ content များကို အသုံးပြု၍ မိမိတို့ကလေးများအတွက် လုံခြုံစိတ်ချပြီး ပျော်ရွှင်ဖွယ် အတွေ့အကြုံများအား ဖန်တီးပေးနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် Galaxy Tab J အား ၂၀၁၆ သြဂုတ်လ၏ တတိယပတ်မှစတင်၍ ဈေးနှုန်း ၂၂၅,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ အရောင်အနေဖြင့် ရွေရောင်၊ အနက်ရောင် နှင့် အဖြူရောင် သုံးရောင် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် Galaxy Tab J စတင်ရောင်းချသည့် အထူးအစီအစဉ်အနေဖြင့် ဝယ်ယူသူများအား Samsung original 8GB micro SD card အား (အရေအတွက်အကန့်အသတ်ဖြင့်) လက်ဆောင်ပေးအပ်သွားမည်ဖြစ်သည်။

Galaxy Tab J Product Specifications
  • Display :- 7.0” WXGA TFT display
  • Processor :- 1.5GH quad-core
  • Memory :- 1.5GB of RAM, 8GB internal storage, expandable up to 200GB
  • OS:- Android 5.1 Lollipop
  • Rear Camera :- 8MP AF
  • Front Camera :- 2MP
  • Connectivity :- Wi-Fi, Bluetooth, GPS and Micro USB
  • Battery :- 4000mAh