Prisma ကို Android အတွက် ဖြန့်ချီပေးတာ ရက်သတ္တပတ် အနည်းငယ်သာ ရှိပါသေးတယ်။ Prisma ကို iOS အတွက် အရင် ဖြန့်ချီပေးခဲ့တာ ဖြစ်ပြီး အဲဒီအချိန်ကတည်းက Android Users တွေကြားမှာ သုံးချင်တဲ့ လူတွေ အရမ်းများပြားခဲ့ပါတယ်။ Android အတွက် ဖြန့်ချီပေးလိုက်တဲ့ အချိန်မှာလည်း သုံးစွဲသူ ပမာဏ အရမ်း များပြားခဲ့ပါတယ်။ Prisma ဟာ ဓါတ်ပုံများကို ပန်းချီကား အဖြစ် ပြောင်းပေးတဲ့ ထူးခြားဆန်းသစ်တဲ့ ဥာဏ်ရည်မြင့် နည်းပညာ ဖြစ်ပါတယ်။ ဒီတစ်ပတ် Mobile User Guide မှာ နာမည်ကြီး Prisma အတွက် Tips and Tricks များကို ဖော်ပြပေးလိုက်ပါတယ်။

Prisma ကို အောက်ပါ Link ကနေ Google Play Store မှာ အခမဲ့ ရယူနိုင်ပါတယ်။

https://goo.gl/xQX2aB
၁။ Server ပြဿနာကို ဖြေရှင်းနည်း

1

Prisma ကို လူသုံး အရမ်းများပြားတဲ့အတွက် Server က မနိုင်တဲ့ ပြဿနာ ဖြစ်လာပါတယ်။ ဓါတ်ပုံတစ်ခုကို Process လုပ်တဲ့ အချိန်ဟာလည်း ကြာမြင့်လာပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ Process လုပ်ခြင်းဟာ Neural Network ကို မှီခိုနေရပြီး Remote Servers များထံသို့ ဓါတ်ပုံများကို Upload လုပ်ရပါတယ်။ အဲဒီအတွက် “ Prisma is over capacity “ ဆိုတဲ့ စာသားပေါ်လာပြီး အဆင်မပြေဖြစ်တတ်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက်
• Mobile Data အစား WiFi ဆက်သွယ်မှုကို အသုံးပြုပါ။ WiFi ဆက်သွယ်မှုဟာ Mobile Data ထက် မြန်ဆန်ပါတယ်။ တစ်နည်းအားဖြင့်လည်း Mobile Data လည်း သက်သာစေပါတယ်။
• Upload ပြုလုပ်စဉ်မှာ အခြား အလုပ်များလုပ်ခြင်းကို ရှောင်ကြဉ်ပါ။ Upload လုပ်ခြင်းကို နှေးကွေးစေလို့ ဖြစ်ပါတယ်။
• လူသုံးနည်းတဲ့ ညဘက်လို အချိန်မျိုးမှာ သုံးပါ။

၂။ Prisma Watermark ကို ဖယ်ရှားပါ။
Default အားဖြင့် Prisma နဲ့ ဖန်တီးလိုက်တဲ့ ဓါတ်ပုံများရဲ့ ညာဘက်အောက်ခြေမှာ Logo အသေးလေး ပါပါတယ်။ အဲဒီ Watermark ကို မပါစေချင်လျှင် ဖျောက်လို့ရပါတယ်။ Prisma ရဲ့ ညာဘက်မှ Gear Icon ကို နှိပ်၍ Settings Menu ကို ဖွင့်ပါ။ Add Watermark ကို Disable လုပ်ပါ။ ဒါဆိုရင် အိုကေပါပြီ။

2

၃။ ဓါတ်ပုံများကို အလိုအလျှောက် Gallery မှာ သိမ်းပါ။
Prisma နဲ့ ဖန်တီးလိုက်တဲ့ ဓါတ်ပုံများကို Facebook မှာ မျှဝေနိုင်ပေမယ့်လည်း သင့်ရဲ့ Gallery မှာ သိမ်းပေးမှာ မဟုတ်ပါဘူး။ သင့်ရဲ့ Gallery မှာ Prisma နဲ့ ဖန်တီးလိုက်တဲ့ ဓါတ်ပုံများကို အလိုအလျှောက် သိမ်းချင်ရင် Settings ထဲသွားပါ။ Save artworks automatically ကို Enable လုပ်ပေးပါ။