Pokemon Go ဂိမ်းထုတ်လုပ်သူ Niantic ကုမ္ပဏီဟာ ယနေ့ကစပြီးတော့
ဂိမ်းစည်းမျဉ်းစည်းကမ်း ချိုးဖောက်တဲ့ ထရိန်နာတွေကို
ရာသက်ပန်ကစားခွင့်ပိတ်သွားမှာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ထားတဲ့ဂိမ်းစည်းကမ်းတွေထဲကမှ Pokemon Go ဂိမ်းကို GPS လိမ်ဆော့သူတွေ၊ Necrobot လို ဘော့ပရိုဂရမ်နဲ့ ကိုယ်ကအပြင်ထွက်စရာမလိုဘဲ အကောင်လိုက်ဖမ်း၊ ဥဖောက်လုပ်သူတွေကို အဓိကထားပြီး ထာဝရကစားခွင့်ပိတ်ပင်သွားမှာပါ။
အရင်က ဒီလိုထရိန်နာတွေကို အချိန်ခဏကစားခွင့်ပိတ်တာမျိုး softban လောက်ပဲ လုပ်ခဲ့ပေမယ့်၊ အခုတော့ ရာသက်ပန်ကစားခွင့် ပိတ်သွားမှာဖြစ်ပါတယ်။ အကောင့်ကိုပဲ ဘန်းတာမဟုတ်ဘဲ၊ IP address နဲ့ပါ ပိတ်သွားမှာဖြစ်တာကြောင့် အကောင့်သစ်ဖွင့်ကစား တောင်ရမှာမဟုတ်တော့ပါဘူး။
“ လူတိုင်းအတွက် မျှတမှုရှိပြီး၊ ပျော်ရွှင်စရာကောင်းတဲ့ ဂိမ်းအတွေ့အကြုံကို ပေးစွမ်းဖို့ဖြစ်ပါတယ်။ ဂိမ်းကစားပုံကို ဒီထက်ပိုကောင်း အောင်လုပ်ဖို့အတွက် ကစားသူတွေအားလုံးနဲ့ လက်တွဲလုပ်ဆောင်သွားမှာဖြစ်ပါတယ်” လို့ Niantic က စာထုတ်ပြန်ခဲ့ပါတယ်။
Niantic အနေနဲ့ GPS လိမ်ဆော့တာ၊ emulator သုံးဆော့တာ၊ bot နဲ့ဆော့တာတွေကို ဘယ်လိုသိရှိအောင်လုပ်ထားသလဲဆိုတာ တိတိကျကျမသိရပါဘူး။
အကယ်၍ သင့်အနေနဲ့ မတော်တဆမှားယွင်းဘန်းခံရတယ်ဆိုပါက၊ ယခုဖောင်ကို ဖြည့်စွက်ပြီး၊ ဘန်းခံရမှုကို ပယ်ဖျက်နိုင်ပါတယ်။

www.pyaephyo.com