OPPO သည် selfie ရိုက်ကူးမှုတွင် ထူးခြားကောင်းမွန်သော အရည်အသွေးမြင့် ကင်မရာ များပါရှိသည့် မိုဘိုင်းဖုန်းထုတ်ကုန်များကို မိတ်ဆက်ပေးလျက်ရှိသည်။ ယခုအခါ ထပ်မံ၍ Selfie ရိုက်ကူးသည့်အခါတွင် ပိုမိုကောင်းမွန်သည့် တွေ့ကြုံခံစားမှုများကို ပေးစွမ်းနိုင်ရန်အတွက် OPPO F1s ထုတ်ကုန် သစ်ကို မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းဈေးကွက်အတွင်း ထပ်မံမိတ်ဆက်ရောင်းချသွားမည်ဖြစ်သည်။

ယခုထပ်မံ မိတ်ဆက်သွားမည့် OPPO F1s ထုတ်ကုန်သစ်သည် ယခင်ဖုန်းများနှင့် ကွဲပြားသည့် ထူးခြားကောင်းမွန်သော အရည်အသွေးများပါရှိသည့်အပြင် စွမ်းဆောင်ရည်မြင့်မားသည့် ကင်မရာလုပ်ဆောင်ချက်များပါဝင်သည်။

OPPO သည် ထုတ်ကုန်အသစ်ဖြစ်သည့် F1s ကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မိတ်ဆက်ထုတ်လုပ်လျက်ရှိပြီး ယခု မြန်မာနိုင်ငံတွင် သြဂုတ်လ ၁၆ ရက်နေ့၌ အခမ်းအနားဖြင့် တရားဝင်မိတ်ဆက်သွားမည်ဖြစ်သည်။ ယခုကျင်းပမည့်ပွဲသည် မြန်မာနိုင်ငံတွင် OPPO မှ ပထမဆုံး ကျင်းပမည့်ပွဲဖြစ်ပြီး အနုပညာရှင်များ၊ နယ်ပယ်အသီးသီးမှ အောင်မြင် ကျော်ကြားသူ များနှင့် မီဒီယာမိတ်ဆွေများအားလုံးအတူတကွ တွေ့ဆုံကြမည့်ပွဲလည်းဖြစ်ပါသည်။

OPPO F1s သည် ဆွဲဆောင်မှုရှိသည့် သတ္ထုစပ်ကိုယ်ထည်ဒီဇိုင်း၊ မြင်ကွင်း ကျယ်မျက်နှာပြင်၊ ကျေနပ်အားရစရာကောင်း သည့် Specification များကြောင့် Multimedia အသုံးပြုမှုများနှင့် ဖျော်ဖြေရေး အသုံးပြုမှုများအတွက် အကောင်းဆုံး မိုဘိုင်းဖုန်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် တွင်ကျယ်လာနေသည့် 4G ကွန်ယက်ကို ထောက်ပံ့ပေးထားပြီး အချိန်ကြာကြာ အသုံးပြုနိုင်ရန် mAh မြင့်သည့် ဘက်ထရီကိုသုံးထားသည်။

အရည်အသွေးမြင့် ထုတ်ကုန်ဖြစ်သည့် F1s ကို လူအများ လက်လှမ်းမီနိုင် သည့် ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဈေးနှုန်းအတိအကျကို ထုတ်ကုန်တရားဝင် မိတ်ဆက်သည့် ပွဲနေ့တွင် ကြေညာသွားမည်ဖြစ်သည်။