Pokemon Go ကို တီထွင်သူ Niantic က ဂိမ်းကို လိမ်လည်ကစားသူများကို ရာသက်ပန် Ban တော့မှာ ဖြစ်ပါတယ်။ တည်နေရာကို လိမ်လည်ခြင်း၊ Emulator များ အသုံးပြုခြင်း၊ အခြား Apps များကို အသုံးပြု၍ လိမ်လည်ခြင်းများအတွက် တုန့်ပြန်တော့မှာဖြစ်ပါတယ်။ Niantic က ပိတ်ပင်ခံရတဲ့ အကောင့်များနဲ့ ပတ်သက်တဲ့ ပြဿနာများကို Reddit မှ သူ့ရဲ့ FAQ Page မှာ Update လုပ်ခဲ့ပါတယ်။ Niantic က ယခင်ကလည်း အကောင့်များကို ပိတ်ပင်ခဲ့ဖူးပေမယ့် Update အရ လိမ်လည်ကစားသူများကို အမြင့်ဆုံး အပြစ်ဒဏ်များ ပေးတော့မှာ ဖြစ်ပါတယ်။

အကောင့် ရာသက်ပန် ပိတ်ပင်ခံရနိုင်တဲ့ ပြစ်မှုများတွင် အခြား Third-Party Pokemon Go App များကို အသုံးပြု ကစားခြင်းလည်း ပါဝင်ပါတယ်။ Niantic က Third-Party Apps များ တီထွင်သူများကို အသုံးပြုနေသူများထက် လက်ရှိမှာ ပစ်မှတ်ထား အပြစ်ပေးချင်နေပုံပေါ်ပါတယ်။

Niantic က Third-Party Pokemon-Tracking Apps များကို ပိတ်ပင်နိုင်ဖို့ မကြာမီက သူ့ရဲ့ App ကို Update လုပ်ခဲ့ပါတယ်။ Update က Pokevision လို Apps များကိုသာ ပိတ်ပင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကစားသူများက GPS Location ကို လိမ်လည်ပြီး ကစားနိုင်တဲ့ အခြား နည်းလမ်းများကို တွေ့ရှိ ၊ အသုံးချခဲ့ကြပါတယ်။ Niantic က ဂိမ်း အရည်အသွေးကို တိုးတက်စေဖို့နဲ့ လိမ်လည် ကစားမှုများကို ချေမှုန်းနိုင်တဲ့ စနစ်ကို ဖန်တီးသွားမယ်လို့ ကြေညာထားပါတယ်။