8/22/2016

♪ MPT ဆင်းမ်ကတ် အသုံးပြုသူများ မှတ်ပုံတင် သို့မဟုတ် သက်သေခံကတ်ပြား တစ်ခုခုဖြင့် နီးစပ်ရာဆိုင်များတွင် စတင် မှတ်ပုံတင်နိုင် ♫


MPT ဆင်းမ်ကတ်အသုံးပြုသူများ မှတ်ပုံတင် သို့မဟုတ် သက်သေခံကတ်ပြားတစ်ခုခုဖြင့် နီးစပ်ရာဆိုင်များတွင် စတင်မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

မှတ်ပုံတင်ထားခြင်းမရှိသေးသော လက်ရှိ MPT SIM Card သုံးစွဲလျက်ရှိသူများ နှင့် SIM ကတ်အသစ်များ ဝယ်ယူသူများပါ မိမိတို့၏ SIM ကတ်များအား နိုင်ငံတော်အစိုးရမှ ထုတ်ပေးသည့် သက်သေခံကတ်ပြားတစ်ခုခု (မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင် သို့မဟုတ် ကျောင်းသားကတ် သို့မဟုတ် နိုင်ငံခြားသားများအနေဖြင့် ၎င်းတို့၏ ပတ်စ်ပို့ကတ် သို့မဟုတ် အစိုးရမှ ထုတ်ပေးထားသည့် သက်သေခံကတ်ပြား တစ်ခုခု) နှင့်အတူ နီးစပ်ရာ MPT ၏ ဆိုင်များသို့ လာရောက်ပြီး မှတ်ပုံတင်ကြရန် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

MPT SIM Card သုံးစွဲသူများအနေဖြင့် လွယ်လွယ်ကူကူစာရင်းသွင်းမှတ်ပုံ တင်နိုင်ရန်အတွက် မိမိကိုယ်တိုင် ဝက်ဘ်ဆိုက်တွင်ဝင်ရောက်၍ စာရင်းသွင်းမှတ်ပုံတင်နိုင်ခြင်း၊ MPT ၏ ဆိုင်များတွင် စာရင်းသွင်းမှတ်ပုံတင်နိုင်ခြင်း အစရှိသည့် ပိုမိုလွယ်ကူစေမည့် အခြားနည်းလမ်းများဖြင့်လည်း လုပ်ဆောင်နိုင် ရန် ဆောင်ရွက်လျက်ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်သည်။

ထို့ကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်လက်ထုတ်ပြန်သွားမည့် သတင်းအချက်အလက်များကို ဆက်လက်စောင့်ကြည့်ပေးစေလိုကြောင်း ဆိုထားသည်။ ဆင်းကတ်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်ပြီး အခက်အခဲများရှိပါက MPT ၏ Call Center နံပါတ် ၁၀၆ သို့ ခေါ်ဆိုမေးမြန်းနိုင်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မှတ်ပုံတင်ထားခြင်းမရှိသေးသော မိုဘိုင်း SIM ကတ်များအားလုံး မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့ သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ၏ ဆင်းကတ် အသုံးပြုသူများအနေဖြင့် နီးစပ်ရာ MPT ဆိုင်တွင် သွားရောက်မှတ်ပုံတင်နိုင်မည်ဟု ဆိုသည်။


Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com