Lenovo Russia က Vibe C2 ကို မိတ်ဆက်လိုက်ပါတယ်။ Lenovo Russia တရားဝင် ၀က်ဆိုက်ကနေ ကြေညာလိုက်တာ ဖြစ်ပြီး မကြာမီမှာ ရုရှားမှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။

 ဈေးနှုန်းနဲ့ ရောင်းချမယ့် နေ့ရက် အတိအကျကို မကြေညာသေးပါဘူး။ Lenovo Vibe C2 မှာ ၅ လက်မ HD Display တပ်ဆင်ထားပါတယ်။ Quad-Core 1.0GHz MediaTek Processor , 1GB RAM တပ်ဆင်ထားပါတယ်။ 8GB or 16GB Internal Storage များ ရွေးချယ်နိုင်ပါတယ်။ microSD Card Slot ပါရှိပါတယ်။ 4G LTE , Dual-SIM စွမ်းရည်များ ပါရှိပါတယ်။

8MP Rear Camera, 5MP Front Camera , 2750mAh Battery တပ်ဆင်ထားပါတယ်။ Android 6.0.1 Marshmallow ကို Vibe UI နဲ့ ပေါင်းစပ်ထားပါတယ်။ အနက်နဲ့ အဖြူရောင်များ ရွေးချယ်နိုင်ပါတယ်။ အခြားနိုင်ငံများမှာလည်း Vibe C2 ကို ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။