8/03/2016

♪ Huawei ရဲ့ အဓိကစမတ်ဖုန်းတစ်မျိုးဖြစ်သည့် Honor Note 8 ထွက်ရှိလာ ♫


နာမည်ကျော်တရုတ်နည်းပညာ ကုမ္ပဏီ Huawei ဟာ သူတို့ရဲ့ အဓိကစမတ်ဖုန်း အမျိုးအစားတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ Honor Series ရဲ့ Honor Note 8 စမတ်ဖုန်းကို ထုတ်လုပ်လိုက်ပါတယ်။ ဒါဟာဆိုရင် ဈေးနှုန်းအလယ်အလတ်တန်းစားဖုန်းတွေထဲမှာ Xiaomi ရဲ့ Mi Max ပုံစံ မျက်နှာပြင်ကြီးမားတဲ့ Phablet အမျိုးအစားအနေနဲ့ ထွက်ရှိလာခဲ့တာပါ။

Honor Note 8 မှာ မျက်နှာပြင်အကျယ် ၆.၆လက်မ အရွယ် 2560×1440 screen ပါရှိပြီး Xiaomi ရဲ့ စမတ်ဖုန်းနဲ့ တူညီနေခဲ့တာပါ။ အဲ့ဒီအပြင် Huawei ရဲ့ တန်ဖိုးကြီးစမတ်ဖုန်း P9 မှာပါရှိတဲ့ Kirin 955 octa-core processor ကို 4GB ရှိတဲ့ RAM ပမာဏနဲ့ တွဲဖက်အသုံးပြုထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
huawei-honor-note-8-2

Huawei Honor Note 8 မှာ ကင်မရာပိုင်းအနေနဲ့ 8-megapixel ရှိတဲ့ ကျောဘက်ကင်မရာ ပါဝင်ပြီး ကျောဘက်ကင်မရာရဲ့ အောက်ဖက်မှာ Fingerprint Sensor လုံခြုံရေးစနစ်လည်း ပါဝင်ပါတယ်။ ဘက်ထရီအနေနဲ့ 4500 mAh ပါရှိပြီး 32GB, 64GB နဲ့ 128 GB တို့ပါဝင်တဲ့ Internal Memory အမျိုးအစား သုံးမျိုးကို ရွေးချယ်အသုံးပြုနိုင်မှာပါ။ Android 6.0 Marshmallow ဗားရှင်းကို အသုံးပြုပြီး အလုပ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Honor Note 8 ဟာ ဈေးနှုန်းအနေနဲ့ 32GB Storage အမျိုးအစားကို ဒေါ်လာ ၃၄၆၊ 128GB Storage အမျိုးအစားကို ဒေါ်လာ ၄၂၀သတ်မှတ်ထားခဲ့ပါတယ်။ ဒါဟာဆိုရင် ဒေါ်လာ ၂၃၀တန် Xiaomi ရဲ့ Mi max ထက်ပိုမိုပြီး ဈေးများတယ်လို့ ဆိုနိုင်ပါတယ်။ Honor Note 8 ရဲ့ ဓာတ်ပုံတွေကို အောက်က Album မှာ ကြည့်ရှုနိုင်ပါသေးတယ်။




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com