iPhone ကို Lock Screen အနေအထား ၊ Screen ပိတ်ထားတဲ့အနေအထားမှာ
Video ရိုက်ကူးနည်းပါ။ Video ခိုးရိုက်ချင်သူတွေအတွက် Spy Camera
ဆန်ဆန်ပေါ့။ iOS 9 တင်ထားတဲ့ Device ဖြစ်ရပါမယ်။ Jailbreak
လုပ်ထားတဲ့ဖုန်းရော ၊ လုပ်မထားတဲ့ဖုန်းရော ဒီနည်းကိုစမ်းလို့ရပါတယ်။ ကဲ..
စစမ်းကြည့်လိုက်ရအောင်။
အဆင့် (၁) ။ ဖုန်းရဲ့ Lock Screen ကိုတစ်ဝက်လောက်ပဲမဖွင့်ပြီး Camera Mode ကနေ Video Mode သို့ပြောင်းပါ။
အဆင့်(၂) ။ Video Mode ကိုရောက်ပြီဆိုရင် ခလုတ်အနီကိုနှိပ်ပြီး Video Record စလုပ်ပါ။
အဆင့် (၃) ။ Home Button ကို ၂ခါစီဆက်တိုက်နှိပ်တာကို သုံးကြိမ်လုပ်ပါ။ (မရှင်းရင်အောက်ကဗီဒီယိုမှာပြထားပါတယ်)
အဆင့် (၄) ။ ခဏအကြာမှာဖုန်း Screen က auto ပိတ်သွားပါမယ်။ Lock Screen အနေအထားဖြစ်သွားပေမယ့် Video ကတော့ ဆက် Record လုပ်နေတုန်းပါပဲ။
အဆင့် (၅) ။ Lock Screen ကိုပြန်ဖွင့်ပြီး Video Record လုပ်နေတာကို Finish လုပ်လို့ရပါပြီ။ သင့်မှာခိုးရိုက်ထားတဲ့ဗီဒီယိုလေးတစ်ခုရှိနေပါပြီ။
လုပ်နည်းအသေးစိတ်ကို စာနဲ့မရှင်းရင် အောက်က ဗီဒီယိုကိုကြည့်ပြီးလည်း စမ်းကြည့်ပါ။
iOS 9 မှာပဲအဆင်ပြေပြီး iOS 10 မှာတော့ Lock Screen ပုံစံမတူတော့တဲ့အတွက် ဒီနည်းနဲ့အဆင်မပြေတော့ပါဘူး ။
သက်နိုင်စိုး (Myanmar Mobile App)

www.pyaephyo.com